ချူချန်က နှာခေါင်းရှုံ့သည်။

“မင်းကို? မင်းကို ဂရုစိုက်ပေးစရာလိုလို့လား? မင်းမှာ ငါစိတ်ပူပေးစရာဘာအကြောင်းမှာရှိမနေဘူး‌လေ”

“ဒါဆိုကွာ...ဒီလောကကြီးထဲမှာ ပိုက်ဆံမရှိအာဏာမရှိတဲ့လူတွေမှ အများကြီး။တစ်ခြားသူတွေအပေါ် မင်းအဲ့လောက်ဂရုစိုက်ပေးတာ ငါတစ်ခါမှ မမြင်ဖူးဘူး”

“အဲ့ဒါက ငါမှ သူတို့ကိုမသိတာ။ကျိချင်းကျိုးနဲ့ကျ တစ်နှစ်တောင် အတူရှိခဲ့ကြတာလေ။ပြီးတော့ နေ့တိုင်း တစ်အိပ်ရာတည်း အိပ်ခဲ့ကြတာ။မင်းတို့တောင် အိမ်မွေးတိရိစ္ဆာန်တစ်ကောင်တစ်နှစ်လောက်မွေးပြီးတာနဲ့ သံယောဇဉ်တွယ်ကြတာပဲကို သူ့တစ်ယောက်တည်းလွှတ်ထားလိုက်ရမှာလား”

“ဟ လွှတ်ပေးသင့်တဲ့အချိန်ရောက်နေပြီလေ”

ချင်းရွှယ်က တည်တည်ငြိမ်ငြိမ်ထပြောသည်။

“ငါတော့ ကျိချင်းကျိုး လုပ်သွားတာမှန်တယ်ထင်တာပဲ။ဒါပေမယ့် လိုက်ငြိနေတဲ့လူက မင်းဖြစ်နေတာ။ကိုယ့်ကိုကိုယ်လည်း ကြည့်ဦး။ ပိန်လှီဖြူလျော်နေပြီ”

ချူချန်မှာ မယုံနိုင်သလိုမျိုး ချင်းရွှယ်အားကြည့်၍-

“မင်း သူ့လူကိုယ့်ဘက်သားလုပ်နေတာလား? ကျိချင်းကျိုးဘက်ကလိုမျိုး ပုံလာဖမ်းနေတယ်”

ချင်းရွှယ်သည် သူ့ကိုကြည့်၍ စကားတောင်ပြောမထွက်တော့။

“ငါမေးပါရစေဦး...ကျိချင်းကျိုးဘက်က မင်းစိတ်ပူပေးတာတွေကို ငြင်းသာမငြင်းရင် ဘယ်အချိန်ထိ ဂရုစိုက်ပေးသွားမယ်တွေးထားလဲ”

“အခြေအနေပေါ်မူတည်တာပေါ့”

“ဘာအခြေအနေလဲ? သူ့အသက်ငယ်ငယ်လေးပဲ ရှိသေးတာကို မင်းလည်း သိပါတယ်။အဲ့တာကြောင့်မင်းက သူ့အပေါ် ဘာအကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာ တွေးပေးရမယ်လေ ”

“ငါကသူ့ပေါ် ဘာအကျိုးသက်ရောက်စေနိုင်မှာတဲ့လဲ”

ချင်းရွှယ်မှာ တစ်ဖက်လူက သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း နားမလည်ဘူးလို့ ခံစားနေရသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now