Ch-104

2.4K 278 2
                                    

အခန်း ၁၀၄ မိတ်ဆွေဟောင်း

ထန်ရှီးရှီးက ကျင်းလင်မှ ရှီးဖျင်ပြည်နယ်သို့ လာတုန်းက သူမသည် သုံးလထက်မနည်း ခရီးထွက်ခဲ့ရသည်။ ထိုစဥ်က သူမသည် တစ်ယောက်တည်း လာ၍ ဘာမှ မသိဘဲ မကြောက်မရွံ့နှင့်ပင် ဂုဏ်သိက္ခာရှိပေမယ့် ရက်စက်တက်သော ဒီလူကြီး၏ နယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။

အခု နှစ်နှစ်ကျော်သွားတော့ အချိန်တွေပြောင်းသွားသည်။ ထိုအချိန်တွင် ထန်ရှီးရှီးက ယခင်လမ်းအတိုင်း ကျင်းလင်သို့ ပြန်လာခဲ့သည်။ ဒါပေမယ့် ဒီတစ်ခါတော့ သူမ တစ်ယောက်တည်း မဟုတ်တော့ဘူး။

အဲ့ဒိအချိန်တုန်းက ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသားသည် သူမ၏ခင်ပွန်းဖြစ်လာပြီး သူမက သူ့သားကိုပင် မွေးဖွားခဲ့သည်။ အဲ့အချိန်တုန်းက ထန်ရှီးရှီးရောက်ရှိလာသောအခါတွင် သူမသည် လူကြိုက်များခြင်းမရှိပဲ လမ်းတစ်လျှောက်တွင် ထိမိ၍လဲကျကာ နေရာထိုင်ခင်းတွင် စိတ်ပျက်စရာများစွာရှိခဲ့သည်။ အခုတော့ သူမကို လူတွေက ဂရုစိုက် ခေါ်ဆောင်လာတာကြောင့် ခရီးကို ရုတ်တရတ် လွယ်ကူသွားစေသည်။

မသွားချင်လို့ မကျေမနပ်ဖြစ်နေသေးသော်လည်း ထန်ရှီးရှီးက ပထမအကြိမ်ထက်စာလျှင် အလွန်ကျေနပ်နေသည်။ ကျောက်ချန်ကျွင်းက ကျောက်ဇီကောင်း၏ တည်ရှိနေခြင်းကြောင့် လမ်းပေါ်တွင် အလွန်သတိထားနေပြီး လက်ရွေးစင်ရဲမက်များကို မိသားစုဝင်များအဖြစ် ရုပ်ဖျက်ခွင့်ပေးရုံသာမက ထန်ရှီးရှီးကိုလည်း ဝိုင်းရံထားစေသည်။ ထန်ရှီးရှီး၏ရထားလုံးသွားမည့်လမ်းကို ရှင်းလင်းရန်နှင့်အထူးခရီးထွက်ရန် စစ်တပ်မှ အကောင်းဆုံး ကင်းထောက်များကို အချိန်တိုင်း လွှဲပြောင်းပေးခဲ့သည်။

ဒါတောင်မှ ကျောက်ချန်ကျွင်းက စိုးရိမ်နေတုန်းပဲ။ သူတို့အဖွဲ့ ကျင်းနယ်မြေမှ ထွက်ခွာလာပြီးနောက် ကျောက်ချန်ကျွင်းက သူသည် ကျင့်ဝမ်ဖြစ်ကြောင်း လူတိုင်းကို ထုတ်ဖော်ခွင့်မပြုဘဲ သာမာန်အရာရှိအဖြစ် အသွင်ဆောင်ကာ ဇနီးနှင့် သားသမီးများနှင့်အတူ ၎င်း၏တာဝန်များကို ထမ်းဆောင်ရန် မြို့တော်သို့ ပြန်လာနေသည်ဟုသာ ပြောခဲ့သည်။ အစေခံတွေက အပြင်မှာရှိတုန်းက ထန်ရှီးရှီးကို "သခင်မ " လို့ပဲ ခေါ်ကြသည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်حيث تعيش القصص. اكتشف الآن