Ch-121

2.3K 280 16
                                    

အခန်း ၁၂၁ ဝီရိယ

ထန်ရှီးရှီး နိုးလာသောအခါတွင် သူမမျက်လုံးကို ဖွင့်လိုက်သည်နှင့် ရင်းနှီးနေသော အနီရောင် ကန့်လန့်ကာကို သူမ မြင်လိုက်ရသည်။ သူမ၏ခန္ဓာကိုယ်အောက်ရှိ ဘရိုကိတ်စောင်တွင်လည်း သူမနှင့် ရင်းနှီးနေသော အနံ့ကို ရရှိနေသည်။ ထန်ရှီးရှီး၏ စိုးရိမ်ထိန့်လန့်နေသောမျက်နှာသည် တဖြည်းဖြည်း ပြေလျော့သွားပြီး သူမ အိမ်ပြန်ရောက်လာသည်ကို သိပြီး ဝမ်းသာသွားမိသည်။

ကုတင်ကန့်လန့်ကာက ချထားပြီး အပြင်ဘက်မှ တိုးတိုးလေးပြောသော အသံတစ်ခု ထွက်ပေါ်နေသည်။ ထန်ရှီးရှီး သူမ၏ လက်များကို. လှုပ်ရှားလိုက်သည်။ အပြင်ကလူတွေက လက်လှုပ်သံကို ကြားလိုက်ရတော့ ရုတ်တရက် အသံတွေ ရပ်သွားသည်။

ခဏအကြာတွင် ကုတင်ကန့်လန့်ကာကို တစ်စုံတစ်ယောက်က ရုတ်သိမ်းလိုက်သည်။ ကျောက်ချန်ကျွင်းက ကုတင်ဘေးမှာ လာထိုင်ပြီး သူမလက်ကို လှမ်းဆွဲလိုက်သည်။ သူက ထန်ရှီးရှီး၏ နဖူးကို စမ်းကာ "မင်း ဘယ်လိုခံစားရသေးလဲ... မင်း အဆင်မပြေသေးလို့လား"

သူမ၏ ဝမ်းဗိုက်အောက်ပိုင်း၌ အဆင်မပြေမှုအချို့ရှိသော်လည်း ထိုခံစားမှုသည် သူမ ဝမ်မိသားစုတွင်ရှိနေသည့်အချိန်ကထက် များစွာ ကောင်းမွန်လာသည်။ ထန်ရှီးရှီးက သူမခေါင်းကို ညင်သာစွာ ခါလိုက်သည်။ ကျောက်ချန်ကျွင်းက သူမ၏ မျက်နှာ ဖြူဖျော့နေသော်လည်း အခြေအနေကောင်းနေသည်ကို တွေ့လိုက်ရတော့ စိတ်သက်သာရာ ရသွားသည်။

ထန်ရှီးရှီးက နိုးလာစဖြစ်ကာ သူမရဲ့ အသံက ရှတတဖြစ်နေပြီး "အခု ဘယ်နှနာရီရှိပြီလဲ"

ကျောက်ချန်ကျွင်းက ရေနွေးထည့်ပေးရန် အစေခံအား စေခိုင်းခဲ့သည်။ သူက ထန်ရှီးရှီးကို ထထိုင်ဖို့ ကူညီပေးခဲ့ပြီး လက်ဖက်ရည်ခွက်ရဲ့ အပူချိန်ကို သူ့လက်နဲ့ စမ်းသပ်ပြီး သူမကို ဂရုတစိုက် ရေတိုက်နေသည်။ "အခုက ရှန်ရှီအချိန် (ညနေ ၃ နာရီမှ ညနေ ၅ နာရီ)"

ထန်ရှီးရှီးက သူမအိပ်နေတာကြာပြီလို့ ထင်ခဲ့ပေမယ့် တစ်နာရီလောက်ပဲ အိပ်ခဲ့သည်။ ထန်ရှီးရှီးက ရေကို တစ်ငုံသာသောက်လိုက်သည်။ လက်ဖက်ရည်ခွက် တစ်ဝက်လောက် သောက်ပြီးတော့ သူမ မသောက်ချင်တော့ဘူး။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now