Ch-44

2.6K 308 5
                                    

အခန်း ၄၄ နှစ်သစ်ကူးနေ့

နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့....

ကျင်းလင်တွင် ရန်မင်းဆက်အတွက် ခမ်းနားသော အခမ်းအနားတစ်ခု ပြင်ဆင်နေချိန်တွင် နယ်စပ်ရှိ ကျောက်ချန်ကျွင်းသည် ဤကျင့်ဝတ်ကို ရှောင်ရှားနိုင်ခဲ့သည်။

ကျောက်ချန်ကျွင်းက နယ်ခြားတွင် တပ်စွဲထားပြီး၊ သူက ဧကရာဇ်ငယ်၏ ဦးရီးတော်လည်းဖြစ်သဖြင့် ထိုသို့သော စည်းမျဥ်းစည်းကမ်းများမှ ကင်းလွတ်ခွင့်ရခဲ့သည်။ သို့သော်လည်း ထန်ရှီးရှီးနှင့် အခြားအမျိုးသမီးများက ထိုကဲ့သို့ ယုံကြည်မှု မရှိခဲ့ကြပေ။ ပထမနေ့တွင် အိမ်တော်ရှိလူတိုင်းသည် သခင်မကို နှုတ်ဆက်ကြသည်။ ဝမ်ဖေး၏ထိုင်ခုံနေရာ လစ်လပ်နေသောကြောင့် ရှီဇီဖေးဖြင့်အစားထိုးခဲ့သည်။

ထန်ရှီးရှီးကလည်း ရှီဇီဖေးကို အရိုအသေပေးဖို့ သွားခဲ့သည်။ ထိုနေရာသို့ သူမ ရောက်ရှိသောအခါတွင် အိမ်အကူများနှင့် မော့မော့အိုများအားလုံး အပြင်ဘက်တွင် ရှိနေကြသည်ကို တွေ့လိုက်ရပြီး တံခါးကို စောင့်နေသည့်သူတစ်ယောက် သာရှိနေသည်။ ထန်ရှီးရှီး၏ ခြေလှမ်းများသည် တဖြည်းဖြည်း နှေးကွေးလာသည်။ လုယိဖေးရဲ့ မော့မော့အိုကြီးက ထန်ရှီးရှီး ဒီမှာ ရှိနေတာကို မြင်တော့ သူမက ချက်ချင်းပဲ ရောက်လာပြီး "ထန်မိန်းခလေး ရောက်လာပြီလား... မင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်ပါစေ "

"မော့မော့၊ မင်းလဲ အတူတူပါပဲ" ထန်ရှီးရှီးက စင်္ကြံအလယ်မှာရပ်နေပြီး အခန်းထဲကို လှမ်းကြည့်လိုက်သည်။ " ရှီဇီဖေးမှာ ဧည့်သည်ရှိနေတာလား"

မော့မော့အိုကြီးက ခဏကြာအောင် ပြုံးလိုက်ပြီး "သူ(မ)ကို ဧည့်သည်လို့ သတ်မှတ်လို့ မရဘူး... ထန်မိန်းခလေး... ခဏစောင့်ပါ... ကျွန်မ ဝင်သွားပြီး ရှီဇီဖေးကို အသိပေးလိုက်မယ် "

ထန်ရှီးရှီးက သူမ၏ လက်နွေးမီးဖိုကိုကိုင်ထားရင်း စင်္ကြံအပြင်ဘက်တွင် စောင့်နေသည်။ သူမဘေးနားက အိမ်အကူကို " ရှီဇီဖေးဆီကို ဘယ်ဧည့်သည်က လာလည်တာလဲ"

အိမ်အကူက ပါးစပ်ကိုဖွင့်ရန် ဝန်လေးနေပုံရသည်။ သို့သော် ထိုမေးခွန်းကို မေးသူမှာ ထန်ရှီးရှီး ဖြစ်သောကြောင့် သူမ ဖုံးကွယ်ဝံ့ဘဲ "အဲ့ဒါက ရှုသခင်မပါ . "

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now