Ch-21

2.5K 338 4
                                    

အခန်း ၂၁ ည

ထန်ရှီးရှီးသည် တဲသို့ပြန်လာသောအခါ၊ သူမသည် အိတ်ထဲမှ စာအုပ်ကို တိတ်တဆိတ် ကိုင်ကြည့်လိုက်သည်။ သူမ ဖတ်ချင်ပေမယ့် ကျင့်ဝမ်က အပြင်မှာရှိနေတော့ အဲ့အကြံကို စွန့်လွှတ်လိုက်ရသည်။

ကောင်းပြီ၊ မနက်ဖြန်အထိ ဘယ်သူမှမရှိအောင် စောင့်ပြီးမှ ဖတ်တော့မယ်။

ထန်ရှီးရှီးက ပေါ့ပေါ့ပါးပါး သန့်ရှင်းရေးလုပ်ပြီး အိပ်ရာဝင်ရန် အသင့်ဖြစ်နေပြီ။ ဒီလမ်းက အပန်းဖြေခရီးမဟုတ်တော့ လူတိုင်းနီးပါး ပင်ပန်းကြသည်။ မကြာမီ စခန်းချရာနေရာသည် တိတ်ဆိတ်သွားသည်။

ထန်ရှီးရှီးသည် မူလက အိပ်ချင်သော်လည်း ခဏလှဲပြီးနောက်တွင် ရုတ်တရက် ယားယံလာသည်။ မြက်ခင်းပြင်မှာ ခြင်တွေ ပိုးမွှားတွေ အများကြီးရှိနေသည်။ ကျင့်ဝမ်၏ ပင်မရွက်ဖျင်တဲကို ကုန်းမြင့်ပေါ်တွင် တမင်တကာ တည်ထောင်ထားသော်လည်း ခြင်နှင့် ပိုးမွှားများကို ရှောင်ရှားရန် မဖြစ်နိုင်ပေ။

ထန်ရှီးရှီးက ခြင်တွေ အကိုက်ခံရပြီး အိပ်မပျော်နိုင်‌တော့ဘူး။ သူမအိပ်ရာပေါ်မှာ ပိုးမွှားတွေ ရှိနေသလားလို့တောင် သံသယဖြစ်မိတယ်။ ဒီလိုမျိုးက မကောင်းဘူးလေ။ ထန်ရှီးရှီးက အိပ်မရသောအခါ သည်းမခံနိုင်တော့ပေ။ သူမသည် တိတ်တိတ်ဆိတ်ဆိတ်ထကာ အလင်းရောင်ဖျော့ဖျော့ကိုအသုံးပြုကာ ခြင်ရှာရန် ကြိုးစားနေရသည်။

ထန်ရှီးရှီးက သူမ၏ ခေါင်းအုံးကို လှုပ်ခါနေစဉ် သူမ၏ နောက်ကွယ်ရှိ တဲတံခါးက ရုတ်တရက် ဆွဲဖွင့်ခံလိုက်ရသည်။ ကျောက်ချန်ကျွင်းက အနောက်မှာ ရပ်နေပြီး သူမကို အေးစက်စွာကြည့်နေကာ "မင်း ဘာနေလုပ်နေတာလဲ"

ထန်ရှီးရှီးက သူမလက်ထဲတွင် ခေါင်းအုံးတစ်လုံးကို ကိုင်ထားဆဲဖြစ်သည်။ သူမသည် ခေါင်းအုံးကို ကုတင်ပေါ်သို့ တိတ်တဆိတ် ချလိုက်ပြီး ကုတင်ဆီသို့ အပြစ်မဲ့စွာ ညွှန်ပြရင်း "ဒီမှာ ပိုးမွှားတွေ ရှိတယ် "

ပိုးမွှား???? ကျောက်ချန်ကျွင်း မျက်မှောင်ကြုတ် လိုက်သည်။ သူ အခြေအနေများစွာကို တွေးတောခဲ့သော်လည်း ပိုးမွှားများကို မစဉ်းစားခဲ့ပေ။ တစ်နည်းဆိုရသော် ထန်ရှီးရှီး မပြောရင် ကျောက်ချန်ကျွင်းသည် မြက်ခင်းပြင်ပေါ်တွင် ပိုးမွှားကောင်များ ရှိနေကြောင်းကို သတိတောင် မထားမိခဲ့ပေ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now