Ch-116

2.3K 253 5
                                    

အခန်း ၁၁၆ အငယ်ကို ပျိုးထောင်

ထန်ရှီးရှီး စံအိမ်သို့ပြန်ရောက်သောအခါ ညဉ့်နက်နေပြီဖြစ်သည်။ သူမ အဝတ်အစား မလဲခင် ကျောက်ဇီကောင်းကို အရင်သွားတွေ့ခဲ့သည်။

ထိုအချိန်တွင် ကျောက်ဇီကောင်းက အိပ်ပျော်နေပြီဖြစ်သည်။ ဒီနေ့ တစ်နေ့လုံး သူ့အမေကို မတွေ့ရတော့ သူက ရင်နာနာနဲ့ ငိုနေခဲ့သည်။ နို့ထိန်းအစေခံက သူ့ကို အိပ်ဖို့ ချော့သိပ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေသော်လည်း ကျောက်ဇီကောင်းသည် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ခဲ့ပေ။ သူ့မျက်လုံးတွေ တစ်ဝက်မှိတ်ပြီး ပါးစပ်ထဲ လက်သီးလေးများ ဆုပ်ကိုင်ထားရင်း ရံဖန်ရံခါ တုန်လှုပ်သွားကာ သနားစရာ ကောင်းလှသည်။

ဒါကိုမြင်လိုက်ရတော့ ထန်ရှီးရှီးရဲ့ နှလုံးသားတွေ အရည်ပျော်သွားသည်။ သူမသည် ကျောက်ဇီကောင်း၏ အိပ်ယာကို ဝိုင်းထားပြီး သူ့ကို ညင်သာစွာ အိပ်ခိုင်းသည်။ အချိန်အတော်ကြာအောင် ကြည့်နေပြီးနောက် ကျောက်ချန်ကျွင်း၏ လက်များ ယားယံလာသည်၊ "ဘာလို့ သူ့လက်ကို စုပ်ပြီး အိပ်ပျော်သွားတာလဲ"

ကျောက်ချန်ကျွင်းရဲ့ ရည်ရွယ်ချက်အရ ကျောက်ဇီကောင်းရဲ့ လက်တွေကို ဆွဲထုတ်ချင်ပေမယ့် ထန်ရှီးရှီးက သူ့ကို လူသတ်တဲ့အကြည့်နဲ့ စူးစူးရဲရဲစိုက်ကြည့်ရင်း "ဝမ်ရယ် လုပ်ရဲလား! နောက်ကျနေပြီမို့ နောက်ဆုံးတော့ သူ အိပ်ပျော်သွားတယ်... သူက ကလေးပဲရှိသေးတာ... သူ စုပ်ချင်ရင် ပေးစို့လိုက်ပါ... ဝမ်ရယ်က ဘာလို့ ဂရုစိုက်နေတာလဲ"

ကောင်းပါတယ်၊ ကျောက်ချန်ကျွင်းက ပြောစရာမရှိသလို တိတ်တိတ်လေး သည်းခံလိုက်သည်။ ကျောက်ဇီကောင်းသည် သူ့မိခင်၏ အသက်ရှုသံကို ခံစားလိုက်ရသည်။ ထန်ရှီးရှီး၏ ပုတ်သိပ်မှု အောက်တွင် သူသည် မျက်ခုံးမွှေးများကို ဖြည်းညှင်းစွာ ဖြေလျှော့ကာ လုံးဝ အိပ်ပျော်သွားခဲ့သည်။

ထန်ရှီးရှီး သက်သာရာရသွားသည်။ သူမသည် အကြာကြီးထိုင်ချလိုက်ပြီး ထလာသောအခါတွင် သူမ၏ခြေထောက်များ ထုံကျင်ကာ ခန္ဓာကိုယ် ပြိုလဲလုနီးပါးဖြစ်ခဲ့သည်။ ကျောက်ချန်ကျွင်းက သူမကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။ သူ တစ်ခုခုပြောခါနီးချိန်မှာ ထန်ရှီးရှီးက သူ့ပါးစပ်ကို အလျင်အမြန် ဖုံးလိုက်ပြီး "ရှူး!"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Donde viven las historias. Descúbrelo ahora