Ch-73

3.4K 397 16
                                    

အခန်း ၇၃ စွန့်ပစ်ခြင်း

ရှီသခင်မသည် လုံးဝ အံ့အားသင့်သွားသည်။ ကျောက်ချန်ကျွင်းက ဝမ်ဖေးသည် ရှီယွမ်ချူ မဟုတ်ဘဲ ကျင့်ဝမ်အိမ်တော်၏ တံခါးပေါက်သို့ ထပ်မံဝင်ရောက်ခွင့်မပြုတော့ကြောင်း ပြောကြားခဲ့သည်။

ရှီသခင်မကို ဘေးခန်းက နှင်ထုတ်တော့မယ့်အချိန်မှာပဲ သူမက ရလဒ်ကို လက်မခံနိုင်ဘဲ ပြင်းပြင်းထန်ထန် နောက်ပြန်လှည့်ပြီး တံခါးကနေ အော်ပြောလိုက်သည်။ "ဝမ်ရယ်...အဲ့ဒါကို ဘယ်လိုပြောနိုင်တာလဲ... ညီမချူက အပျိုပေါက်ကနေ လူကြီးဘဝအထိ နှစ်ပေါင်းများစွာ ဝမ်ရယ့်ကိုပဲ စောင့်မျှော်နေခဲ့တာပါ... သူ(မ)ရဲ့ ငယ်ရွယ်မှုက အရမ်းတန်ဖိုးရှိပေမယ့် သူ(မ)က ဝမ်ရယ်ကို စောင့်မျှော်ဖို့ လက်ထပ်ဖို့ကို ငြင်းဆန်ခဲ့တယ်... ချူညီမငယ်က စောင့်ဆိုင်းနေတဲ့အချိန်မှာ ဝမ်ရယ်က ကျေနပ်လက်ခံခဲ့တယ်... ဒါပေမယ့် အခု ချူညီမငယ်က အသက်ကြီး လာတော့ ဝမ်ရယ်က နားလည်မှုလွဲနေတယ်လို့ ပြောနေတာလား... ဝမ်ရယ်... အရှင် ဒီလိုလုပ်ရင် အရှင်က ချူညီမငယ်နဲ့ ရှီမိသားစုကို မှားယွင်းစေဖို့ ထိုက်တန်လို့လား "

"မေမေ၊ စကားတွေ ရပ်လိုက်တော့!" ရှီယွမ်ချူသည် မျက်ရည်များဖြင့် ငိုရှိုက်နေရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့ပတ်ဝန်းကျင်က လူတွေက အခုမျက်ရည်တွေရွှဲနေတဲ့ နုပျိုတောက်ပနေတဲ့ သူမကို မကြည့်ရက် နိုင်ကြဘူး။ ဒါပေမယ့် ကျောက်ချန်ကျွင်းရဲ့ မျက်နှာက မပြောင်းလဲဘဲ ပေါ့ပေါ့ပါးပါးနဲ့ "ငါ အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက်မရှိဘူးလို့ စောစောထဲက ပြောထားပြီးသား... စောင့်ဆိုင်းဖို့ တွန်းအားပေးတာက မင်းပဲ ဖြစ်မယ်ထင်တယ်... ဒုတိယမိန်းခလေးရှီက အသက်မပြည့်သေးတော့ အိမ်ထောင်ပြုဖို့ ဆွေးနွေးဖို့ အချိန်ရှိပါသေးတယ်... ရှီသခင်မနဲ့ ဒုတိယမိန်းမချောလေးက သားမက်ကောင်းတစ်ယောက် အမြန်ဆုံးရှာတွေ့နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"

ရှီယွမ်ချူသည် ယခုနှစ်တွင် ဆယ့်ခြောက်နှစ်ရှိပြီဖြစ်သည်။ ဤအရွယ်တွင် သူမသည် အလွန်အသက်ကြီးသည်ဟု မယူဆသော်လည်း အိမ်ထောင်ပြုရန် မဆွေးနွေးရသေးသော မိန်းမပျိုအတွက် အနည်းငယ်နောက်ကျနေပြီဖြစ်သည်။ အသက်အရွယ်တူသော မိန်းမပျိုများသည် ငယ်ရွယ်စဉ်တွင် အိမ်ထောင်ပြုရန် စီစဉ်ခဲ့ကြသည် သို့မဟုတ် ဆယ့်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်တွင် ဖြစ်နိုင်ချေရှိသော ခင်ပွန်း၏မိသားစုကို စတင်ကြည့်ရှုခဲ့ကြသည်။ နောက်ဆုံး ဆယ့်ငါးနှစ်မှာ သူတို့က သူတို့ရဲ့ ဖြစ်နိုင်ချေရှိတဲ့ ခင်ပွန်းရဲ့ မိသားစုနဲ့ တယောက်ပြီး တယောက် ကြိုပြီး စေ့စပ်လေ့ရှိကြသည်။ ယခု ရှီယွမ်ချူက အသက်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်ပြီး အလျင်အမြန်ပင် စရိုက်ကောင်းရှိသည့် မိသားစုနောက်ခံရှိသည့် ခင်ပွန်းကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Wo Geschichten leben. Entdecke jetzt