အပိုင်း (၇၄)

Start from the beginning
                                    

အစေခံရဲ့ ရိုရိုးကျိုးကျိုး လျှောက်တင်သံကြားတော့ မယ်ဒီရာ သူမ ထိုင်ခုံဆီသွားကာ ထိုင်ချလိုက်သည်။

သိပ်မကြာသေးတဲ့ အချိန်ကာလပေမဲ့ သူတို့နှစ်ယောက် နေ့တိုင်း အတူစားခဲ့တာ တလလောက်မို့ နည်းနည်းတော့ ထူးဆန်းနေသည်။

[ရှင် တကယ်ပဲ စိတ်ဆိုးနေတာလား? ငါ ဘာအမှားမှ မလုပ်ထားမိဘူး ထင်တာပဲ....]

သူမတွေးမိတဲ့ တခုထဲသောအရာမှာ သူ့ကို သွေးသားနှီးနှောဖို့ ငြင်းဆိုခြင်းပင်။

သူမက သူ့ကို မြူဆွယ်ပြီးမှ... ဒါပေမဲ့ လိုင်လ်ဖြစ်ချင်သလို ဖြစ်လာတာပဲမလား...နောက်ပြီး သူက ငါ့ရဲ့ တုံ့ပြန်မှုတွေ အငြင်းစကားတွေကို သဘောကျတဲ့ပုံပါပဲ...

[ဒါမှမဟုတ် ငါ အမှားလုပ်မိတာလား? လိုင်လ့်ခံစားချက်ကို ထိခိုက်စေမဲ့ အရာတခုခု]

သို့သော် သူမ ဘယ်လိုတွေးတွေး အဖြေမထွက်ချေ။

သူမ ထိုင်ချကာ စတင်စားသောက်လိုက်စဉ်မှာပဲ သူမ ဘာကြောင့် လိုင်လ့်ကို ဝမ်းနည်းစေမှန်း မယ်ဒီရာ တွေးတောလိုက်သည်။ ဒါက အရင်ကသာဆိုရင် သူမ ဒီလောက်စိတ်ပူမှာ မဟုတ်ပေမဲ့ စီရီရာပေါ်လာပြီးတဲ့နောက် လိုင်လ့်နှလုံးသား ပြောင်းလဲသွားပြီး စီရီရာ့ထံ စိတ်ယိုင်သွားမလား သူမ မတွေးပဲ မနေနိုင်ပေ။

[မဟုတ်သေးဘူး၊ အဲ့လိုလဲ မခံစားရဘူး..... စီရီရာ သူ့မျက်လုံးထဲ ရောက်တာနဲ့ မျက်မှောင်ကြုတ်ပြီး သဘောမကျတဲ့ ပုံမျိုး ပေါ်နေတာ...]

အမုန်းတအားရင့်သန်လွန်းပြီး အချစ်ဖြစ်သွားနိုင်တာပဲ! Arghh!

အတွေးတွေနဲ့ ခြောက်ချားနေတဲ့ မယ်ဒီရာတစ်ယောက် ကိုယ့်ဆံပင် ကိုယ် ဆောင့်ဆွဲချင်လာသည်။

လိုင်လ့်အာရုံစိုက်မှုကို သူမ လက်ခံချင်ယောင်ဆောင်လိုက်သင့်သည်။ လိုင်လ် စီရီရာ့ကို သဘောကျသွားမယ်ဆိုတဲ့ အတွေးက သူမကို နေမထိ ထိုင်မသာဖြစ်စေသည်။

သို့သော် သူမှာ စီရီရာ့ကို မြို့တော်ကို ခေါ်ဖို့ကလွဲပြီး တခြားနည်းမရှိပေ။

[လိုင်လ့်ကို အရယူတဲ့အပြင် သူ့အိပ်မက်တွေကိုပါ ဖြစ်ခွင့်မပေးရင်... ငါက အိုင်ယန့်အသက်ကို ကယ်လိုက်ပေမဲ့လဲ...]

Your Majesty is annoying (Myanmar Translation)Where stories live. Discover now