ချူချန်သည် လော့ယွီဆီကဖုန်းမလာခင်သုံးရက်စောင့်လိုက်ရ၏။

“ကျွန်တော်တောင်းပန်ပါတယ်နော်။အရင်နှစ်ရက်က အလုပ်တွေများနေလို့ပါ။ဟိုတစ်ခေါက်က ပြောခဲ့တဲ့အတိုင်း အလေးအနက်ထားပြီး ခင်ဗျားကို ကျေးဇူးတင်ချင်တာမို့ ခင်ဗျား ပိုက်ဆံလက်မခံချင်ဘူးဆိုရင် ကျွန်တော် ထမင်းဖိတ်ကျွေးရမလား။ဒါလည်း ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုပါ”

ဘာကိုထမင်းဖိတ်ကျွေးရမလားလဲ? တကယ်ဆွံ့အတယ်! မင်းနဲ့ငါက ထမင်းလက်ဆုံစားလို့ရတဲ့ဆက်ဆံရေးလားပြော? ကျိချင်းကျိုး ပြန်ရောက်လာပြီး သိလို့ကတော့ အိမ်က စာပွဲတွေဘာတွေကို လှန်မှောက်ပစ်မှာ အသေအချာကိုပဲ။

“မလိုအပ်ပါဘူး”

“ခင်ဗျားကို ကျေးဇူးဆပ်ခွင့်လေးတော့ပေးရမယ်လေဗျာ”

လော့ယွီချင်းကသနားချင့်ဖွယ်ဟန်ဆောင်ကာ-

“မဟုတ်ရင် ကျွန်တော့်စိတ်ထဲမတင်မကျကြီးဖြစ်နေတော့မှာ...”

“တကယ်ပါပဲ....မင်းစိတ်နဲ့မင်းကိုယ် ငါနဲ့ဘာဆိုင်နေလို့လဲ? ဟမ်? မင်းအခုလုပ်နေတာကဘာလဲ? လူကျင့်ဝတ်တရားပြန်ပေးဆွဲမှုလားဘာလားဟ?”

သည်ခဏလော့ယွီရှင်းမှာ အထိတ်ထိတ်အပျာပျာဖြစ်သွားပြီးနောက်မှ တည်ငြိမ်စွာစကားစလိုက်သည်။

“အဲ့လိုမဟုတ်ပါဘူး....ကျွန်တော်က......ကျွန်တော်က ခင်ဗျားကို ကျေးဇူးတင်ချင်ရုံပါ”

‌ဟမ့်! ကျေးဇူးတင်ချင်တာက နည်းနည်း ငါ့ကို တွေ့ချင်တာက များများမလား? တကယ့်ကို ဟိုပြောင်းဒီလွှဲလုပ်တာတော်လွန်းပါဘိ။ဒါပေမယ့် သူကတော့ တကယ်ကို စိတ်ရှည်ခြင်းကင်မဲ့နေလေပြီ။

“မင်းကဒီလိုကြီး အတင်းအကျပ်ပြောနေမှတော့ ပိုက်ဆံပဲပေးပါ။ရဲရင့်ခြင်းအတွက် အမြင့်ဆုံးဆုက ဘာပါ့လိမ့်”

သူက လိုင်းပေါ်မှာ စစ်ကြည့်လိုက်ပြီး-

“အာ...ဒီမှာတော့ ယွမ်သုံးသောင်းထင်တယ်။ဒါဆို ယွမ်သုံးသောင်းပဲပေါ့။မင်းကို ငါ ကဒ်နံပါတ်ပေးလိုက်မယ်။အဲ့ထဲတန်းလွှဲပေးလိုက်ချည်”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now