အပိုင်း(၁၉)

221 41 9
                                    

[Unicode]

အပိုင်း(၁၉)

"ဂင်မ် ဘာတွေကြည့်နေတာလဲ၊
ဒီမှာကြည့်ဦးငါမင်းခုတလော
စိတ်တွေလေနေတာတွေ့လို့ ဝယ်လာတာ ပန်းမျိုးတွေမှအစုံပဲ"

သေမင်းတမာန်ဆိုသူသည် လက်မလျော့သေးပဲ ခဏခဏလာနေတာကြောင့် ဂင်မ်စိတ်တွေပိုညစ်လာရသည်။
ကိုယ်ယောင်ဖျောက်ကာ အနားမှာစောင့်ကြည့်နေတတ်သည်။
ဖိအားတွေနဲ့ သခင့်နားက ထွက်သွားဖို့ဟာပဲအခါခါ‌ဖိပြောနေသည်။
သို့ပေမဲ့ အရင်သခင့်ကိုဒုက္ခပေးဖို့ အားပေးနေတဲ့ ဝိဉာဉ်ကောင်က ခုသခင့်ကို လက်မလွှတ်ဖို့အားပေးလာသည်။
သူသေချာမဆုံးဖြတ်နိုင်သေး။
သခင့်ကို အန္တရာယ်ဖြစ်စေမှာ ကြောက်ပေမဲ့ သခင့်ကိုထားခဲ့ဖို့ရာ ဦးနှောက်ထက်နှလုံးသားလေးကပိုကြောက်ပြနေသည်။
သခင့်အသံကြောင့်စိတ်တို့မနည်းပြန်စုလိုက်ရသည်။

"ကျူးလစ်တွေကော သစ်ခွတွေကော နှင်းဆီတွေကော
ဂန္ဓမာအသေးအကြီး အခြားပန်းတွေကောအစုံပဲ။ ဒီတစ်ခါ ငါလည်းမင်းနဲ့အတူ ပန်းလေးတွေကို စောင့်ရှောက်ကူတော့မယ်
မင်းတစ်ယောက်တည်းဆိုပင်ပန်းမှာ။"

"သခင်ပန်းမကြိုက်ဘူးဆို "

"အင်းမကြိုက်ခဲ့ဘူး။
ငါအရင်တုန်းကဆိုပန်းတွေဆို သိပ်ချစ်တတ်ခဲ့တာသိလား၊
အဘွားဆုံးသွားတဲ့အချိန်မှာ ငါ့ကိုယ်ငါကလွဲရင်အပြစ်တင်စရာလူ အပြစ်ရှိတဲ့လူမရှိခဲ့ဘူး။
ပင်ပန်းလွန်းလို့ အဲ့ဒီ့အချိန်တုန်းက အတ္တကြီးပြီး ပန်းလေးတွေကိုပါတရားခံလုပ်ပြီး အပြစ်တွေဖို့ပြီးဆွဲမုန်းခဲ့တာ။
ပန်းလေးတွေအခုငါ့ကိုမုန်းနေလားမသိဘူးနော်
ဂင်မ်.."

"မမုန်းပါဘူးသခင့်ကို"

"ဟက်..မင်းကဘယ်လိုသိတာလဲ"

"သူတို့စကားတွေကိုကြားရတယ်ကျနော်က"

"ဟင်..တကယ်လား"

မျက်ရည်စလေးတွေချက်ချင်းသုတ်ကာ မျက်လုံးလေးပြူး၍မေးလာသော သခင်သည် တကယ်ယုံသွားပုံ,

"တကယ်ပေါ့..ဘာလို့လည်းသိလား"

ခေါင်းလေးနှစ်ချက်မျှခါပြသောသခင်သည် နှာဖျားလေးက ငိုတော့မလိုဖြစ်သွားတာကြောင့်ရဲလျက်,

A Tricky Love { Complete ✅}Where stories live. Discover now