အပိုင်း(၂)

423 63 3
                                    

[Unicode]

အပိုင်း(၂)

"ဆော့ငယ် မထသေးဘူးလား ကျောင်းနောက်ကျတော့မယ်လေမြန်မြန် ထရေသွားချိုးချည်တော့ အခုတောင် ၈ နာရီထိုးနေပြီ ။ ငါပထမဆုံးနေ့ကို နောက်မကျချင်ဘူးနော်။ "

"နှစ်မိနစ်လောက်ပဲ ဆက်အိပ်မယ်လေ၊နော်"

"ဆော့ငယ် ငါတစ်ယောက်ထဲပဲသွားလိုက်တော့မှာနော် နင်မထရင် "

"ရားးဟန်ယယ်ဟီး.နင့်အကြောင်း ငါမသိဘူး ထင်နေလား။ နင်သာတစ်ယောက်ထဲအရင်ရောက်ရင် ဒီနှစ်ရဲ့King အသစ်ဘယ်သူလဲ စပ်စုမယ်။ သိရရင် သွားငမ်းမယ်။ပြီးရင် အရင်နှစ်ကkingဟောင်းကိုလွမ်းလို့ပါဆိုပြီး သူ့အခန်းရှေ့ မနက်ခြောက်ခေါက် နေ့လည် ခြောက်ခေါက်လောက်သွားလျှောက်ပြီး ဂိုက်ဖမ်းမယ်။ ဒါပဲမလား နင့်အကြံ''

"ဟဲဟဲ ဆော့ငယ်ကလဲ "

" ဘာလဲ မဟုတ်လို့လား"

" မေဂျာking လေးတွေဆီသွားပြီး မျက်စပစ်ပြတာ ကျန်ပါသေးတယ်"

"ဘာ..!....!."

ဟိုဆော့ အော်လိုက်တော့မှ ခေါင်းလေးပုကာ ရယ်နေသည့် သူမ။

"ရေချိုးဦးမယ် ခဏစောင့်"

"အင်း မြန်မြန်ချိုးနော် ဆော့ငယ် "

ဟိုဆော့က မျက်မှောင်ကြုံ့ကာ ကြည့်လိုက်တော့ ယယ်ဟီးက ပြုံးစိစိလုပ်ကာ ၊

"နင် အအေးမိမှာစိုးလို့ပါ ဆောင်းဝင်တော့ အေးလာပြီလေ"

"အပိုတွေ ယယ်ဟီး အစုတ်ပလုပ်"

"ဆော့ငယ် နင်ဒေါသထွက်ရင် နှာခေါင်းက ဘာလို့ ပွစိ ပွစိ ဖြစ်နေတာလဲဟင်"

"ရား!!!... ဟန်ယယ်ဟီး အခုချက်ချင်း ငါ့အခန်းထဲကထွက်သွားလိုက်တော့ "

ဟိုဆော့ ရေချိုးခန်းထဲလည်းဝင် သွားရော ကြားနိုင်လောက်သောအသံနှင့် တစ်စုံတစ်ခုကို အော်သွားကာ အခန်းထဲက အမြန်ပြေးထွက်သွားသော ယယ်ဟီး။ထို့နောက် ဟိုဆော့မှာလည်း ကြောက်လန့်တကြား ရေချိုးခန်းထဲမှ ခုန်ပေါက်ကာထွက် လာသည်ကို မြင်ရပါလိမ့်မည်။
ယယ်ဟီး ပြောသွားသည်က......

A Tricky Love { Complete ✅}Where stories live. Discover now