အပိုင်း(၁၈)

229 43 6
                                    

[Unicode]

အပိုင်း(၁၈)

"အမေ"

"အိုကွယ်...သား..ဟင့်..မင်းအဖေ..မင်းအဖေ"

"သိတယ်အမေ သိပြီမို့မငိုနဲ့တော့ အခုကျနော်ပြန်ရောက်နေပြီမဟုတ်လား"

"ဘာတွေဖြစ်ကုန်လဲအမေလည်းမသိ‌တော့ပါဘူး"
"အမေခဏလေးပဲ အပြင်သွားပြီးပြန်လာတော့ အင့်..မင်းအဖေက ဧည့်ခန်းထဲမှာထိုင်လျှက်အသက်မရှိတော့တာ။"

စိတ်ထိခိုက်နေပုံရသော အမျိုးသမီးကြီးသည်တုန်တုန်ရီရီဖြင့် ဖြစ်ကြောင်းပျက်ကြောင်းတွေကိုပြောပြနေသည်။တစ်ဦးတည်းသာရှိ‌ သောသားလေးသည်နိုင်ငံရပ်ခြားမှာအလုပ်‌ကြောင့်နေထိုင်ရသူမို့ ချက်ချင်းပြန်မလာနိုင်ခင် တစ်ယောက်တည်းအားငယ်ထိန့်လန့်နေမှာမလွဲ။

"ကျနော် အခုဒီကိုအပြီးပြန်လာနေတော့မှာ အခုအမေ့ကိုတစ်ယောက်တည်းမထားတော့ဘူး။မငိုပါနဲ့တော့နော်"

မျက်ရည်တွေကြားထဲမှ မယုံနိုင်သေးသည့်မျက်ဝန်းများဖြင့် ပြုံးတော့ပြုံးပြနေသည်။

........

"တစ်အိမ်လုံး အစေခံဘယ်နှယောက်ရှိလဲ"

အာဏာနှင့်ဒေါသပေါင်းစပ်၍ထွက်လာသောအသံသည် ဟိန်းခနဲ ။လက်ချောင်းလေးပင်မလှုပ်ရဲသည်အထိပြင်းထန်ပါသည်။

"စုစုပေါင်း ခြောက်ယောက်ပါသခင်လေး"

"ပြော နင်တို့ခြောက်ယောက်ထဲက ဘယ်သူကြံရာပါ ဘယ်သူတရားခံလည်း"

စကားသံတွေကိုထွက်နိုင်ခြင်းမရှိအောင်ပင် ရှေ့ကလူ၏အသံ ကျယ်လောင်အာဏာပြင်းခြင်း။

"ဘာကိုပြောချင်.."

အစေခံခေါင်းဆောင်ဆက်ပြောမဲ့စကားတွေသည် စူးရဲရဲအကြည့်တစ်စုံရောက်လာချိန်တွင် ပြတ်ကျသွားသည်။

"နေ့လည်က ခိုးနားထောင်နေတဲ့သူဒီထဲပါတယ်မလား ပြောလိုက်လေ ဘာကိစ္စလည်းသိသွား‌အောင်။ သောက်ပါးစပ်တွေက ပိတ်မနေနဲ့။"

ထပ်ပြိးကျယ်လောင်တဲ့ အော်သံကြောင့် မိန်းမငယ်လေးအချို့ပင်တုန်တက်သွားရသည်။

A Tricky Love { Complete ✅}Onde histórias criam vida. Descubra agora