အပိုင်း(၂၃) ending

369 52 6
                                    

[Unicode]

အပိုင်း(၂၃)(End-၁)

"ထယ် ထယ်"

အသံလေးသည် ငြောင်နာနာလေးထွက်ကျလာကာ မျက်လုံးလေးတွေမှာလည်း အရည်တစ်ချို့ရစ်သိုင်း၍ မော့ကြည့်နေသော ကလေးမလေးသည် သနားချင်စဖွယ်။

"မင်းသိပ်ဆိုးလာတယ် လူလေး"

"အွန်းလေးရန်စတာမဟုတ်ဘူ အဲ့ကောင်တွေကအရင်.."

ကျစ်'

မျက်ခုံးတွေကိုကျုံ့ကာ စုတ်တချက်သတ်ပြီးကြည့်လိုက်တော့ ခေါင်းလေးငုံ့၍ ငြိမ်ကျသွားသည်။

"ဆရာ့ကိုတော့အားနာပါတယ်။ ချယ်အွန်းလေးရန်ဖြစ်တာ ဒီလထဲမှာ သုံးခါရှိပြီမို့ ခေါ်တွေ့ရတာပါ"

"ဟင်..ဘယ်လို သုံးခါ.."

"ဟုတ်ပါတယ် ခါတိုင်းက တွန်းတိုက်စကားများရုံဆိုပေမဲ့ ဒီတစ်ခါက တစ်ဖက်ကကလေးနှစ်ယောက်မျက်နှာကို ဒီကချယ်အွန်းလေးကလက်သည်းနှင့် ကုတ်ချလိုက်လို့ပါ။
ကျန်တဲ့ကလေးလေးနှစ်ယောက်ကလည်း ခေါင်းကို ဆံပင်မွှေးဆွဲခံလိုက်ရလို့ အတော်နာပြီးငိုနေတာ မနည်းချော့ယူလိုက်ရတယ်။"

ကြားရသည့်စကားတွေသည် မယုံနိုင်စရာ။
အမြန်ပင်လှည့်ကာ အ‌မွှေစိန်လေးကိုယ်ကိုအပြေးလေးစစ်ကြည့်လိုက်မိသည်။
ခြစ်ရာလေးတစ်ခုတောင်မရှိ။

"ဘယ်ကလေကဝက ငါ့ကလေးလေးကိုလုပ်ရဲရတာလဲ"

"ဘယ်မိမဆုံးမ ဖမဆုံးမကလေးက ငါ့သားကိုရိုက်တာလဲ"

နောက်ကျောဖက်မှ အော်သံ ဆဲသံဆူဆူများသည် ထိုကလေးတွေ၏ မိခင်များရောက်လာဟန်ရှိသည်။

"ပြန်တောင်းပန်လိုက် သူငယ်ချင်းတွေကို"

"ဦးထယ်ကလည်း..."

မျက်မှောင်ကြီးကျုံ့ကာကြည့်နေပြန်သည်။

"တောင်းပန်လိုက်ရုံနဲ့ရမလား"

"ရှင်က ဒီကလေးရဲ့ဖအေလား"

"ဟုတ်မှာပေါ့ အမရယ် ကိုယ့် ကလေးကိုယ်ဆုံးမ မထားလို့ထင်တယ် ဒီလောက်ထိရိုင်းစိုင်းနေတာ"

"အယ်မယ် အယ်မယ် ငါ့ကိုဘယ်လိုမျက်လုံးမျိုးနဲ့လာကြည့်နေတာလဲ"

A Tricky Love { Complete ✅}Hikayelerin yaşadığı yer. Şimdi keşfedin