အပိုင်း (၁၂)

247 51 3
                                    

[Unicode]

အပိုင်း(၁၂)

နေ့လည်ထဲက အပြင်ထွက်သွားသောသခင်သည် အခုထိပြန်၍မလာသေး။ည ၁၀ နာရီကျော်နေပြီဖြစ်တာကြောင့် ဂင်မ်သည် ထိုင်ရမလိုထရမလို တောင်ပံတွေဖြန့်ပြီး သခင့်ကို လိုက်ရှာရအောင်လည်း သူဟာ ခုချိန်ထိကိုယ်ယောင်ဖျောက်မရသေးသည်ကြောင့်အပြင်ထွက်တာနဲ့ လူတွေတွေ့တာမတွေ့တာထက် မကောင်းဆိုးဝါးတွေနဲ့အရင်ကြုံရမှာအသေအချာ။

အင့် ဟင့် အဲးး ဝါးးးဝါးးး

စဉ်းစားရကျပ်နေပါသည်ဆို ချယ်အွန်းကလည်းအငြိမ်မနေ ငိုနေသည်မှာတိတ်ဖို့ပင်မေ့နေသယောင်။

"ဟိတ် ဟိတ် လူလေးတိတ်တိတ်နေကွာ သခင်ကမလာသေးဘူး။ငါသွားရှာချင်တာမင်းကိုစိတ်မချလို့ခက်နေတာ။တိတ်နော်။နေဦး ငါ့တောင်ပံတွေမင်းကြည့်ချင်လား။
တန် တန့် တန် ...."

"......

ဟင့်...အူဝဲ ....အီးးး...."

ချယ်အွန်းကမျက်လုံးလေးပြူးကာ ခုနက ထပ်ပင် နှစ်ဆငိုနေသည်မို့ လန့်သွားမှန်းသိသွားသည့် ဂင်မ်သည် တောင်ပံတွေကို အမြန်ပြန်ဖျောက်လိုက်သည်။သို့ပေမဲ့ ဒီလူလေးကအငိုမတိတ်။

ကျွီ....

အိမ်ထဲမှာ ဂင်မ်တစ်ယောက် ယောက်ယက်ခက်နေစဉ် ခြံထဲရောက်လာသော ကားနက်နက်တစ်စင်း...

"သခင်.."

ကားပေါ်မှ ဆင်းလာသောသခင်သည် ခြေထောက်တစ်ဖက်တွင် ဒဏ်ရာရလာဟန်.. ထော့နဲ့နဲ့..သို့ပေမဲ့ ဂင်မ် သခင့်ဆီ မသွား မျက်မှောင်ကြီးကျုံ့ကာ စိုက်ကြည့်နေမိသည်။

ဒီမျက်နှာဖြူစုပ်စုပ်နဲ့ လူကကော ဘယ်သူကြီးလဲ။ ကားတစ်ဖက်မှ ဆင်းဆင်းလာချင်း အပြုံးအရယ်မရှိ ခြောက်ကပ်ကပ်မျက်နှာထားကြီးနဲ့ ထိုလူသည် သခင့် ရှေ့ရောက်မှ လုပ်ပြုံးတစ်ခုပြုံးကာ ၀င်တွဲနေသည်။

သခင်သည် သူ့ကို တွေ့တာနှင့်မျက်လုံးပြူးကာ ပြာပြာသလဲ မေးပါတော့သည်။

"ဂင်မ် ချယ်အွန်း ငိုနေတာမလား။ မင်းက ဘာလို့ ဒီရောက်နေတာလဲ"

"သခင့်ကိုစောင့်နေတာလေ "

"ဂင်မ်ရယ် ကလေး အငိုတိတ်အောင်တော့ လုပ်မှပေါ့"

A Tricky Love { Complete ✅}Where stories live. Discover now