အပိုင်း(၁၃)

260 52 4
                                    

[Unicode]

အပိုင်း (၁၃)

လူကြီးမင်းချင် မနက်တုန်းကဖုန်းဆက်ချိန်းကာ ခဏတွေ့ချင်တယ်ပြောတာမို့ ဖြေရှင်းသင့်တာမှန်သမျှ တခါတည်းလည်း ဖြေရှင်းပြီးအပြတ် ဖြတ်ရအောင် ဟိုဆော့ လက်ခံလိုက်သည်။

"လူကြီးမင်းချင် ကျနော့ကိုဘာလို့ တွေ့ချင်တာလဲ"

စားသောက်ဆိုင်ဆိုပေမဲ့ လူလည်း သိပ်မရှိ ခြောက်ကပ်ကပ်သာ...

"ရောက်လာပြီလားထိုင်ပါဦး ကလေးရဲ့ "

သူ့နေရာဘေးကို လက်ဖြင့် ပုတ်ပြကာ ခေါ်နေပေမဲ့ ဟိုဆော့ ရှေ့ဘက်တွင် သာ ဝင်ထိုင်လိုက်သည်။

"ကိုယ်ကမလာလောက်ဘူးထင်နေတာမင်းကို "

" လိုရင်းပဲပြောပေးလို့ရမလား လူကြီးမင်း
ကျနော့ ယောက်ျားစိတ်ပူနေမှာစိုးလို့ အိမ်အမြန်ပြန်ရမယ်"

"မလောပါနဲ့ အေးဆေးပေါ့။
အအေးလေးဘာလေးသောက်ပါဦးလား"

"ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျနော်ရေမဆာလို့မသောက်တော့ဘူး။ပြောစရာရှိတာသာ ပြောပါ။"

ကြံထားသမျှ အကြံအစီတွေအားလုံးကို လှည့်ပတ်ထွက်နေသူကြောင့် သူဋ္ဌေးချင် စိတ်ပေါက်လာသည်။

"ဘယ်လောက်ပေးရမလဲ"

"ဘာ.."

"မင်းကို ပိုင်ဖို့ ဘယ်လောက်ပေးရင် ရမလဲလို့မေးနေတာလေ ဘီလေးရဲ့ "

"သိပ်ပြီး ဘောင်တွေ ကျော်မလာပါနဲ့ လူကြီးမင်းချင် ကျနော်က ကာမပိုင်ရှိသူတစ်ဦးပါ။ နောက်ကို ဒီလိုထပ်မတွေ့တော့ ရင်ကောင်းမယ်"

"ဘာအားကိုးနှင့် ဒီလောက်မာန်တက်ပြနေတာလဲ ဟန်...ဒီလိုလုပ်ပြလို့ များများရမယ်ထင်တာဆိုရင်လည်း ကောင်းပြီ မင်းလိုချင်သလောက် ရစေရမယ်"

ဟိုဆော့ လက်ကောက်ဝတ်ကိုအတင်းအကြပ်ဆုပ်ကိုင်ကာဆွဲခေါ်လာသည်မှာ ကားပါကင်မှ ထိုလူကြီး၏ကားနားပင်ရောက်တော့မည်ဖြစ်တာကြောင့် ဟိုဆော့ကြောက်စိတ်ဝင်လာသည်။ ရုန်းနေပေမဲ့ မလွတ်။
အားကုန်သုံးကာ ရုန်းလိုက်သည့်အခါ ခြေခေါက်လဲ၍ ထ၍ပင် မရတော့။ထို့နောက် ထိုကားပေါ်မှ လူနှစ်ယောက် ဆင်းလာပြီး ကားပေါ် ပွေ့တင်တော့သည်။

A Tricky Love { Complete ✅}Where stories live. Discover now