အပိုင်း(၁)

791 74 0
                                    

[Unicode]

တီ တီ တီ တီ ခွမ်း.......။

"ဟင် အဖွား ဘာဖြစ်တာလဲ"

နိုးစက် သံတတီတီ  မြည်နေပေမဲ့ မကြားချင်ယောင်ဆောင်ပြီး စောင် ပုံထဲ ခေါင်းခွေ့နေတုန်း နှိုးစက်သံနှင့် အပြိုင်
ကြားလိုက်ရသော ပစ္စည်းတွေ ကျကွဲသံကြောင့်
ဟိုဆော့တစ်ယောက် အူယားဖားယားပင် မီးဖိုခန်းထဲ အပြေးတပိုင်းဝင်ရောက်လာသည်။

"ဟဲ ဟဲ.. ငါပါ ဆော့ငယ်ရ"

"ယယ်ဟီးမ နင်ငါ့အိမ်လာပြီး ပန်းကန်တွေခွဲပြန်ပြီလား ။အမလေးလေး ကုန်ပါပြီ ငါတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်လက်ဆင့်ကမ်းလာတဲ့ ကြွေပန်းကန် အကောင်းစားတွေ။"

"ငါကနင်စားဖို့မနက်စာပြင်ပေးဖို့ပါနော်။ ပန်းကန်တွေကို နောက်နေ့မှ ငါပြန်ဝယ်ပေးပါမယ် ။အဲ့လောက်ကြီး လန့်မသွားပါနဲ့ ။ "

"ဒီပန်းကန်တွေက အဖွားအမေလက်ထက်တည်းက သုံးလာခဲ့တာ နင်ပြန်ဝယ်ပေးရင်တောင် ဒီလိုလက်ရာတွေပြန်မရဘူး သိရဲ့လား။ "

"ပစ္စည်းသင်္ခါရ လူသင်္ခါရတဲ့ ဘယ်အရာမှ တည်မြဲခြင်းမရှိဘူး ..ဆော့ငယ်ရဲ့၊၊ နင်အဲ့လောက် အစွဲအလန်းကြီးရင် သေတဲ့အခါအလောင်းမလှဘဲနေမယ် သိလား။"

" အစွဲအလန်းကြီးတာနှင့် သေရင် အလောင်းလှတာ မလှတာ ဘာဆိုင်လို့လဲ နင်မဟုတ်က ဟုတ်ကတွေ လျှောက်မပြောနဲ့နော် ။ ငါညကျရင် ကြောက်တယ်..ဟ ။ "

" အစွဲအလန်းကြီးတဲ့သူတွေက ကျန်ခဲ့တဲ့ သူတို့ ပစ္စည်းတွေ နှင့်လူသံယောစဉ်တွေကို မပြတ်နိုင် မခွဲနိုင်တော့ သူတို့မျက်နှာကြီးတွေကသေခါနီး အချိန်ကျ မဲ့ရွဲ့ပြီး မဲပုတ်နေတာတဲ့။ပြီးတော့ ငါစာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတယ် သူတို့က သေရင်လည်း အစွဲတွေမချွတ်နိုင်တော့ မကျွတ်ကြဘူးတဲ့။"

" အားးးတော်ပြီ နင်နဲ့ဘာစကားမှမပြောတော့ဘူး
ဘာတွေ လိုက်ပြောနေတာလဲ မသိဘူး လူကိုမကြောက်
ဘူးများ မှတ်နေလား ဟင့်. ကြောက်ပါတယ်ဆို နေ။
.ဟီးး...ဟီး....နင့်ကို အဖွား နားတိုင်ပြောမယ်ယယ်ဟီး အစုတ်ပလုတ်မ"

"ရားး ဆော့ငယ် နင့်နောက်မှာ ..နင့်နောက်မှာ ဖြူဖြူ အရိပ်ကြီးတွေ "

A Tricky Love { Complete ✅}Where stories live. Discover now