“အခုပိုနေလို့ကောင်းသွားပြီလား?”

နည်းနည်းလေးနေရသက်သာသွားပေမယ့် ကျိချင်းကျိုးတစ်ယောက် အန်ချင်နေဆဲပင်။ထို့ကြောင့် ချူချန်ပခုံးပေါ်မှီရင်း မျက်မှောင်ကြုတ်ထားလိုက်တယ်။

ချူချန်သည်အိတ်ကပ်ထဲမှ Bluetooth headset လေးကိုထုတ်လိုက်ပြီး သူ့နားမှာတပ်ပေးကာ သီချင်းဖွင့်ပေးလိုက်သည်။

“အခု ပိုနေလို့ကောင်းသွားပြီလား”

ကျိချင်းကျိုးက ခေါင်းညိမ့်ပေမယ့် မျက်မှောင်ကြုတ်ထားဆဲ။

ဒီဟိုတယ်က ဖျော်ဖြေရေးနေရာအကျယ်ကြီးဖြင့် ဆက်ထားတာဖြစ်၍ မြို့လယ်ခေါင်‌နဲ့ရော သူတို့နေတဲ့နေရာနဲ့ရော နည်းနည်းဝေးသည်။ချူချန်မှာလည်း အန်ချင်တာပျောက်တဲ့ ဘာဆေးဝါးမှ ရှိမနေပေ။ထို့ကြောင့် ဒါရိုက်တာကြီးကိုသာ ပြောရတော့သည်။

“လမ်းမှာဆေးဆိုင်တစ်ဆိုင်ဆိုင်တွေ့ရင် ကျွန်တော့်ကိုပြောပါဦး”

“ကောင်းပါပြီ”

ချူချန်သည် ကျိချင်းကျိုးအား ပွေ့ဖက်ထားရင်း ကျိချင်းကျိုးရဲ့အမူအရာတွေကို ငုံ့ကြည့်နေ၏။ သီချင်းထဲမြောသွား၍ ပိုသက်သာသွားပုံပေါ်မှသာ သူလည်း စိတ်အေးသွားလေသည်။ချူချန်စိတ်ထဲ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်-နောက်ပိုင်း ကျိချင်းကျိုးကို အရက်သောက်ခွင့်မပြုတော့ဘူး။လွယ်လွယ်နဲ့မူးတတ်လွန်းလို့ တစ်စက်တောင်မသောက်ခိုင်းတော့ပေ။

ဒီအချိန်ကြီးဆိုတော့ ဆေးဆိုင်အများစုက ပိတ်သွားပြီဖြစ်သည်။မြို့လယ်ခေါင်နဲ့ နီးလာမှသာ ဖွင့်ထားတဲ့ ဆေးဆိုင်တွေကို တွေ့ရ၏။ချူချန်တစ်ယောက် ကျိချင်းကျိုးအတွက် ဆေးဝယ်ပေးဖို့ ကားထဲကထွက်မယ်လုပ်ပေမယ့် ကျိချင်းကျိုးက မလွှတ်ပေးဘဲ တူတူသွားမယ်ချည်းလုပ်နေသည်။

အမူးသမားလေးကျိချင်းကျိုးက ကပ်အားပြင်းတဲ့502စူပါကော်လေးလိုပင်။အလွန်အမင်းကိုကပ်လွန်းနေသောကြောင့် ချူချန်တစ်ယောက် စိတ်ရှည်လက်ရှည်ချော့မော့လိုက်သည်။

“မင်းက ကားထဲမှာပဲနေလေ။ကိုယ် ဆေးဝယ်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now