1

10K 301 2
                                    

ကြီးကျယ်ခမ်းနားလှသောတက္ကသိုလ်ကျောင်းတော်ကြီးရှေ့တွင်ရပ်ပြီးမင်းမြတ်လေးသက်ပြင်းများကိုချမိနေသည်။နယ်မှလာသူဖြစ်သည့်အပြင်ဆင်းရဲလွန်း၍Scholarshipနှင့်လာသူဖြစ်တာကြောင့်ကျောင်းကထောက်ပံ့သည့်အဆောင်ခန်းထဲတွင်သာနေရမည်ဖြစ်သည်။အပြင်ဆောင်တို့အိမ်ငှားနေတာတို့မလုပ်နိုင်သည့်အပြင်ဟိုအခန်းမှာနေချင်တယ်ဒီအခန်းမှာနေချင်တယ်တောင်ပြောခွင့်မရှိချေ။

အကယ်၍အကယ်၍များကြိုဖြစ်လာမယ့်အရာတွေကိုကြိုသိခွင့်များရှိခဲ့မယ်ဆိုရင်.......သူ။

"ရန်ဟောင်ကျောင်းတော်ကြီး"

မင်းမြတ်လေးရဲ့ငရဲခန်းကဤနေရာကစချေသည်။

Aနိုင်ငံရှိတက္တသိုလ်များထဲမှနာမည်အကြီးဆုံးလေးခုထဲတွင်ရန်ဟောင်တက္ကသိုလ်ကထိပ်ဆုံးကဖြစ်သည်။တစ်နိုင်ငံလုံးရှိသူဌေးသား၊သမီးအရိုင်းအစိုင်းများစုဝေးရာနေရာမှန်းမင်းမြတ်လေးသိခွင့်နောက်ကျခဲ့ပါသည်။

ချမ်းသာသောကလေးများထဲမှအချမ်းသာဆုံးအာဏာအပြင်းဆုံးအယုတ်မာဆုံးအချစ်ဆုံးသူငယ်ချင်းသုံးယောက်တို့မှာသူရသတ္တိ၊စိုင်းအားမာန်၊မျိုးအာဏာတို့ဖြစ်ကြလေသည်။

တစ်နေ့သောအခါထိုလူချမ်းသာကလေးသုံးယောက်မှာပြသနာအရှာလွန်သွားလေသည်။ဖြစ်ပုံမှာကျောင်းတွင်းအကြမ်းဖက်မှုကိုသက်သေနှင့်တကွဖော်ထုတ်ခံရခြင်းဖြစ်သည်။မိဘများ၏ဒေါသသည်အဆုံးထိရောက်သွားကြပြီးထိုကလေးများအားအခြားကျောင်းသားများနည်းတူကျောင်းအဆောင်တွင်နေထိုင်စေ၊သာမာန်အစားအသောက်ကိုသာစားသောက်စေ၊သာမာန်ဆရာ၊မများနှင့်သာသင်ကြားစေဟုအပြစ်ပေးလိုက်ကြလေတော့သည်။ကျဆင်းသွားသောကျောင်းဂုဏ်သိက္ခါအားအဖတ်ဆယ်ရန်ကျောင်းမတက်နိုင်သော,ကလေးအားစကော်လာအနေနှင့်ထောက်ပံ့ပေးခြင်းကိုလုပ်ဆောင်လေတော့သည်။ဤကံကောင်းသောကလေးမှာမမျှော်လင့်ပဲမင်းမြတ်လေးဖြစ်နေခဲ့သည်။ပြင်ပပြသနာသည်ဤသို့ပြီးဆုံးသွားသော်လည်း
ကျောင်းတွင်းပြသနာမှာခုမှစချေသည်။

လေးယောက်ခန်းဖြစ်နေခြင်းပင်။စည်းကမ်းအတိုင်းနေရန်အပြစ်ပေးခံထားရသောဤသုံးယောက်နှင့်အတူနေရန်မည်သူမျှမရှိခြင်းပင်။မနေရဲခြင်းဆိုကပိုမှန်လိမ်မည့်သာ။ကျောင်းဥက္ကဌနှင့်ဆရာ၊မများကဤသို့ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။ဘာမှပြန်မလုပ်နိုင်ပြန်မပြောနိုင်ပြသနာမရှာနိုင်သောဤဆင်းရဲသားလေးနေပါစေဟူ၍။

မင်းမြတ်လေးအဆောင်တံခါးတစ်ခုရှေ့တွင်ရပ်နေသည်ကိုအခြားအခန်းမှကျောင်းသားများကသနားသလိုလှောင်သလိုမျက်နှာများနှင့်ကြည့်နေကြ၏။လှောင်ချင်နေကြသည်ဟုပဲမင်းမြတ်လေးတွေးမိပါသည်။

သူ့ပုံစံကစုတ်ပြတ်နေသည်ဟုမဆိုသာပါ။မြို့ကြီးသားတက္ကသိုလ်ကျောင်းသားဖြစ်လာမည့်သူ့အားအဖေနှင့်အမေကစည်းစိမ်ကုန်လုနီးပါးအကုန်အကျခံကာပြင်ပေးဆင်ပေးခဲ့ပါသည်။ခမ်းနားသည်တော့လည်းမဆိုသာပါအနည်ဆုံးတော့သာမာန်လောက်ရှိပါသည်။

သို့သော်ဤလူများနှင့်ယှဉ်ရင်တော့စုတ်ပြတ်သတ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။အခန်းတံခါးကိုဆွဲဖွင့်ရင်းမင်းမြတ်လေးဆုတောင်းမိပါသည်။ဤအခန်းထဲရှိလူများသည်အပြင်ကလူများနှင့်မတူပဲသဘောကောင်းလှသောသူများဖြစ်ပါစေဟူ၍။သို့သော်...သူ့ဆုတောင်းတွေမပြည့်ခဲ့ပါ။

______________________________________

614💚

______________________________________

Playing With Fire (Complete)Where stories live. Discover now