တိတ်ဆိတ်နေတဲ့မိသားစုထမင်းဝိုင်းလေး
ဖြစ်ခဲ့သည်။နေ့ခင်းလောက်ကဖြစ်ခဲ့တဲ့
အခြေအနေအရ စကားမဆိုသူတစ်ယောက်မှာ
ကာယကံရှင်ဖြစ်လို့ဆိုသော်လည်း ကျန်သည့်
သူများမှာအဘယ်ကြောင့်နည်း။"သမီးဟန်က နာဂျွန်ကိုခဏထိန်းပေးထား
အမေ သားရွမ်နဲ့စကားပြောအုံးမယ်"ပထမဆုံးစပြောတဲ့စကားကြောင့်
Renjunထမင်းငုံ့စားနေရာကချက်ချင်း
မော့ကြည့်မိသွားသည်။သီးသန့်ပြောရတဲ့
စကားကဘာဖြစ်မလဲဆိုတာမျိုးတွေးပြီး
စိတ်တွေလေးလံနေလေရဲ့~"ပါးငယ်ကိုဘာလုပ်ဖို့လဲ ဘွား"
"ဘာမှမလုပ်ပါဘူးကွယ် သွားကစားချေ
မင်းလေးဟန်နဲ့နော်ခဏလေးပဲ""ဟုတ် ပါးငယ် သွားပြီ"
ဧည့်ခန်းထဲကိုအရင်သွားနှင့်တဲ့မေမေ။
သိမ်းစရာရှိတဲ့ပန်းကန်တွေသိမ်းလို့
ဆေးကြောခြင်းအပြီး အတွေးများစွာနဲ့
မသိသေးတဲ့ စကားပြောဆွေးနွေးခြင်းအဖို့
ရှေ့ကိုထွက်လာလိုက်သည်။"မေမေ ဘာပြောမလို့လဲဟမ်"
"နာဂျယ်လား သား"
"ဗျာ ဘာကိုလဲ"
"နာဂျွန်းအဖေက နာဂျယ်ဖြစ်နေတာလား"
"အဲဒါက မဟုတ်~
"အမေအားလုံးမြင်တယ် သားရွမ်"
နေ့ခင်းကလား၊ဒါဆို ဘယ်သူမှရောက်မလာဘဲ
အချိန်တစ်ခုထိလွှတ်ထားတာကသိနေလို့လား။"ခေါင်းကြီးငုံ့မထားပါနဲ့သားရယ်
အမေ မင်းကိုဆူနေတာမှမဟုတ်ဘဲ ဟမ်""သား တောင်းပန်ပါတယ် "
"ဟော ဘာမှမဟုတ်ပဲငိုနေပြန်ပြီ"
ရှိုက်သံတစ်စွန်းတစ်စကြားတာနဲ့မေမေဟာ
အနားကိုတိုးကပ်လာလို့ရယ် ခေါင်းကိုပွတ်ပြီး
ချော့ရှာသည်။"အဲ့လူဆိုးကောင်ကြောင့် ပေါ်မလာလို့ရရဲ့နဲ့"
"နာဂျယ်ကဆိုးတဲ့ပုံမပေါ်ပါဘူး
သားဘက်က ဘာအထင်လွဲပြီး
လက်လွှတ်ခဲ့သလဲသာ အမေမသိတယ်
အဲ့ကလေးကြည့်ရတာ မင်းကိုသံယောဇဉ်
ရှိပုံပဲ ဒါက အမေ့အမြင်နော်"