IP_15

222 43 7
                                    

မနက် 9နာရီပင်ရှိပြီ!

ညက အိပ်ပျော်နေတဲ့ အကို့ကို တစ်ဝကြီး
ငေးနေခဲ့မိလို့လား အိပ်ယာထနောက်ကျပြီး
မနက်ခင်းပုံမှန် မြင်နေကျ မျက်နှာကိုမတွေ့
ရတော့ဘူး။အခန်းထဲမှာ ကုတင်အကျယ်ကြီး
တစ်လုံးပဲရှိပြီး ဒီသုံးရက်အတွင်း ဘေးမှာ
အကို့ကိုငေးနေခဲ့ရတယ်ဆိုတာ အိပ်မက်လို့
ထင်နေတုန်းပဲ။

"Jisung ah နိုးလာပြီလား"

အတွေးလွန်နေတဲ့ သူမှာ ခေါ်သံကြောင့်
ကြည့်လာတယ်၊မျက်လုံးတွေမှေးစင်း
သွားသည်အထိလည်းပြုံးပြသည်က
သူနိုးလာပြီဆိုတဲ့အဖြေ။ဒီကလေးမှာ
အရမ်းဖြူစင်နေတဲ့ အမူအယာလေးတွေ
ဂျဲနို အများကြီးမြင်မိခဲ့တာ။

"ဒီနေ့အရမ်းနောက်ကျတယ်နော် ညက
ကိုယ်အစောကြီး အိပ်ပျော်သွားလို့
မင်းဘယ်ချိန်အိပ်လဲ မသိလိုက်ဘူး
အဲ့ဒါနဲ့ ကိုယ်နိုးတော့ မနှိုးလိုက်တာ
ရတယ်မလား"

"အကိုကလည်း ဘာလို့မရမှာလဲ
ကျွန်တော်က ကျေးဇူးပြန်တင်ရမှာ
ဒီနေ့စနေပဲလေ ကျောင်းကလည်း
ပိတ်တာမို့ အဆင်ပြေတယ်"

"အင်း မနက်စာပြင်ပေးထားတယ်
မျက်နှာသစ်ပြီး စားလိုက်တော့နော်"

ဖုန်းနဲ့ ပိုက်ဆံအိတ်ကိုယူရင်းဆိုနေတဲ့
အကိုက ဒီနေ့တော့ပြန်တော့မည့်ပုံပင်။

ဘာလိုလိုနဲ့ အကိုရွမ်ရဲ့မင်္ဂလာက
မနက်ဖြန်ပါလား။တကယ်ပဲ အဲ့ရက်
ကိုရောက်လာတော့မှာလား။

"နေအုံး အကို"

"ဟမ် ကိုယ်လုပ်စရာလေးရှိလို့အချိန်
သိပ်မရဘူး Jisung "

"ခဏပဲ ပြောစရာရှိလို့"

မရဲတရဲနဲ့ ဆုပ်ကိုင်ထားတဲ့လက်လေး
ခပ်တင်းတင်းနှင့်၊နှုတ်ခမ်းကိုလျှာနဲ့
သပ်ပြီး ပြောမယ့်စကားကတော့
ထွက်မလာသေးတဲ့ အရှေ့က,ကလေး။

"မနက်ဖြန် သေချာပေါက်သွားမယ်ဆို
ကျွန်တော့်ကိုပါဝင်ခေါ် ခင်ဗျားပါသာ
တစ်ယောက်တည်း ကျွန်တော်မလွှတ်ဘူး"

"ကိုယ်ကမသွားရင်ရော"

"ခင်ဗျားအကြောင်း မသိဘူးများ
ထင်နေတာလား ဟမ်"

Impossible plots { Completed }Where stories live. Discover now