သူ့စိတ်ကြိုက်ရွေးယူခဲတဲ့ အပြာနုရောင်
ဝတ်စုံကို ဝတ်ကြည့်မိပြီး ဘာလို့မှန်းမသိ
စိတ်ထဲအလိုမကျ၊ယခုထိ ပိုင်ရှင်ကလာ
မကြည့်လို့ရယ်လား၊အခြားကိစ္စကြောင့်
ဖြစ်နေမလား စဉ်းစားရလည်းခက်သေး၏။Na Jaemin စိတ်ဆိုးရမယ်ဆို အဲ့လူက
ငါမဖြစ်သင့်ဘူးလား?ရွမ်ကျွင့်မနက်အစောကြီး ပြင်ဆင်ပေးမည့်
သူများမလာခင်ကတည်းက နိုးလာခြင်းပင်။မနေ့ကဖြစ်ခဲ့တဲ့ အသေးစားရန်ပွဲလေးထဲမှာ
ထိုလူ စိတ်ဆိုးမနေခဲ့ပဲ တက်နိုင်သလောက်
ဖြေရှင်းခဲ့ပေမယ့် ယနေ့မှာတော့ ခြားနားစွာ။
နိုးလာချိန်တွင် ပထမဆုံးလာတွေ့မယ်ဆိုတဲ့
ရူးကြောင်ကြောင်အတွေးနှင့်လွန်စွာ မျက်နှာ
လာမပြတဲ့ ထိုလူကို ဘယ်လိုလုပ်ရပါ့မလဲ။ယခင်နေ့ရဲ့ နေ့လည်ခင်းနှောင်းချိန်ဖြစ်မလား?
ရစ်သီရစ်သီနှင့်အနားကမခွာတဲ့ Jaemကို
ပြောဆိုလို့ရယ် စိတ်ထွက်ပေါက်အရ အပြင်
ဘက်ကို ခေတ္တထွက်လာမိသည့်အချိန်။ရုတ်တရက်မြင်လိုက်ရတဲ့ သူက မတွေ့ရတာ
ရက်ပိုင်းကြာမြင့်နေသည့် လီဂျဲနိုလား။လှည့်ကြည့်လာတဲ့သူကရွမ်ကျွင့်ကိုလည်း
မြင်သွားပုံရပြီး ချောင်ကျနေတဲ့မျက်နှာက
အရင်အတိုင်းမပြောင်းလဲတဲ့ပုံစံနဲ့ ရယ်ပြ
လာလေရဲ့။ဒါက ဘယ်လိုအခြေအနေမျိုး
ကို မူတည်နေရသလဲ။အတွေးထက်အရင် သူရှိရာပြေးသွားပြီး
စကားတွေအများကြီးဆိုဖို့ပြင်ပေမယ့်
တားဆီခံလိုက်ရခြင်းပင်။ပြုံးနေတဲ့ လီဂျဲနိုကတော့ ခေါင်းညိမ့်လို့
တစ်ဖက်ကို ကျောခိုင်းသွားပြီဖြစ်၏။"Renjun လွှတ်ပေးထားလို့ရမလား"
"ခုချက်ချင်း အပေါ်ထပ်ကိုလိုက်ခဲ့"
"ဘာလို့လဲ ငါတို့နောက်မှပြောရအောင်"
"အခုပဲ Na Jaemin ငါအခုပြောမှာ"
အရင်ပြဿနာပင် ဖြေရှင်းမရသေးသည့်
ဂျယ်မင်းအတွက်လည်း ပိုလို့ ခေါင်းရှုပ်
ရသည့်အခိုက်အတန့်ဖြစ်၏။