IP_17

207 33 5
                                    

ယုံကြည်သင့်တဲ့ စကားတွေဖြစ်နိုင်လား
မသိပေမယ့် စိတ်ရဲ့အနက်ရှိုင်းဆုံးထိ
ဝင်ရောက်နေပြီ ဖြစ်တဲ့ အတွေးစအချို့
မှာတော့ များပြားနေခဲ့ပြီ။

ဘေးနားကလူ‌တွေအကုန်လုံးကတော့
ယခုမူJaeminနဲ့ပတ်သတ်ပြီး ကောင်းတဲ့
ဘက်ကိုတိုက်တွန်းလာကြသည်။

ညနေခင်းက Senaဆိုတဲ့ ဟိုမိန်းကလေး
ပြောပုံအရဆို Renjunမသိဘဲစိတ်ဆိုးတဲ့
နေ့တုန်းက စေ့စပ်ပွဲလာဖျက်တဲ့နေ့တဲ့။

ဒီအကြောင်းတွေကြားပြီး ရင်ဖွင့်စရာဆိုလို့
အီဟယ်ချန်းတစ်ယောက်ကလွဲ၍လည်းမရှိ။

"Jaemin ကတကယ်ပဲ မင်းကိုချစ်ခဲ့တယ်
ထင်တယ် နည်းနည်းလောက်စဉ်းစားပေး
ကြည့်ပါလား"

ထိုသို့သောစကားသည် အရင်ကလုံးဝ
ကြည့်မရတဲ့သူဘက်က ပထမဆုံးသော
တောင်းဆိုချက်ပင်။

တကယ်ပဲ စဉ်းစားကြည့်ရရင်ဖြစ်နိုင်တဲ့
အမှတ်တရက နှစ်ယောက်ကြား ဘာများ
ရှိခဲ့လို့လဲ!

တစ်နေကုန်ပင်ပန်းရသည့်အပြင် ညနက်မှ
သိမ်းတဲ့ ပါတီရဲ့အရှိန်ကြောင့်အလွန်ပင်ပန်း
နေခဲ့သည်။

သမီးကတော့အစောကြီး အိပ်သွားပြီး
သူ့အဘွားနဲ့ အဘိုးကခေါ်ထားလေရဲ့။
မေမေတို့ကတော့ နေ့ချင်းပြန်သွားကြ၏။

တိတ်ဆိတ်နေတဲ့အခန်းထဲ အရင်ဝင်ပြီး
လန်းဆန်းသွားအောင် ရေချိုးလိုက်ဖို့သာ
တွေးမိ၏။

အချိန်အနည်းငယ်ကြာတဲ့အထိ ထိုလူက
အခန်းဆီရောက်မလာခဲ့သေးဘူး။မျှော်နေ
တာမျိုးမဟုတ်ပေမယ့် စီစဉ်ပေးထားတဲ့
အခန်းမလား သူသေချာပေါက်လာရမှာပေါ့။

ဂျောက်*

လော့ ဖွင့်သံကြားတော့ ခေါင်းကိုရေသုတ်
လက်စ တာဝါကိုချပြီးမဝံ့မရဲဖြစ်နေတဲ့
မျက်လုံးတွေဖြင့်အကြည့်ပို့မိသည်။

ဝင်လာပြီး လူကိုအကဲခတ်သလို တစ်ချက်ပဲ
ကြည့်ပြီး ဘာစကားမျှမဆိုခဲ့ဘူး။

တကယ်သူက ဘာဖြစ်ချင်နေရသလဲ?

မနက်မိုးလင်းထိ ဒီလူနဲ့ စကားမပြော
နေသွားရမယ့် မင်္ဂလာဦးညများလား။

Impossible plots { Completed }Nơi câu chuyện tồn tại. Hãy khám phá bây giờ