IP_10

341 48 6
                                    

စတင်တွေ့ဆုံမှုမှာမရူးသွပ်မိခဲ့သည့်လူသား~

ပြည့်စုံလွန်းတဲ့မိသားစုရဲ့အကြားမှာ
ချစ်မေတ္တာတွေဆိုသည့်အရာက
အဝေးမှာပဲတည်ရှိနေပြန်၏။

Jaemin ထိုလူသားကိုစတွေ့တုန်းက
မလွဲသာတဲ့အခြေအနေကြောင့်လုပ်သွား
ရသည့်အပြုအမူလို့သာမြင်မိသည်။

နှစ်ကာကအကြာကြီးအတူနေရတဲ့မိဘတွေ
ဆီကပင် ဂရုစိုက်ခြင်းမရှိလို့ရလာတဲ့ဒဏ်ရာ
အစုတ်အပြတ်နဲ့မျက်နှာကို မြင်ပြီးကူညီချင်တဲ့
ထိုလူသားက စစ်မှန်တဲ့စိတ်ခံစားချက်တို့ပါရှိ
နေမယ်လို့မယုံကြည်ရဲဘူး။သို့သော်ထုတ်ပယ်
မရအောင်စိတ်ထဲကျန်ခဲ့သည်ကလည်း
ငြင်းပယ်မရတဲ့အချက်ဖြစ်နေသေးသည်။

မှောင်ရိပ်ကြားကတစ်ချက်မြင်ဖူးခဲ့ရတဲ့
ထိုလူသားကိုပထမဆုံးအကြိမ်တွေ့သည့်နေ့~

တစ်ဖက်ဌာနအထိကျော်ပြီး ကြိုဆိုပွဲလာခဲ့
ကြတဲ့ သူငယ်ချင်းတွေ၊ထိုနေ့ကတိုက်တိုက်
ဆိုင်ဆိုင် Jaeminနောက်ဆုံးနှစ်မို့လိုက်သွား
ဖြစ်ခဲ့တယ်။မလှမ်းမကမ်းမှာမြင်နေရတဲ့သူ
ဟာ မသိစိတ်ကရှာဖွေနေခဲ့တဲ့သူဖြစ်နေမှန်း
သိလိုက်ရတော့ ကြံဖန်မိသည့်လုပ်ရပ်~

"အာ့ အမေ"

လဲကျသွားသူဆီကအသံမှာ သူ့အတွက်
အဖိုးတန်သည်ကို တလိုက်သလို။

မသိမသာလှည့်ကြည့်ရင်း တောင်းပန်ရ
သည့်အလုပ်ကိုမလုပ်ဘဲ စကားဆိုကြည့်
မလို့ပြင်ပေမယ့် Jenoက ထိုလူရဲ့ရှေ့
ဒူးတစ်ဖက်ထောက်လို့ရယ် နေရာယူနှင့်ပြီး
ဖြစ်လေသည်။

ပြုံးရယ်လို့ပြန်ဖြေနေတဲ့ သူ့ပုံစံကိုတကယ်
မုန်းမိတော့မလိုပဲ၊ခပ်လှမ်းလှမ်းထိလျှောက်
သွားပြီး တစ်ချက်ပြန်လှည့်ကြည့်တဲ့အချိန်
မှာပင် ပျောက်မသွားသေးတဲ့ အရောင်လဲ့
မျက်ဝန်းတွေ၊လူတိုင်းကိုအဲ့လိုပဲဆက်ဆံတတ်
သည်ထင်၊ဒီကြားထဲဖျောက်မရတဲ့ခံစားချက်နဲ့
အထင်ကြီးမိတော့မယ့်ကိုယ့်စိတ်ကို မုန်းမိခဲ့သည်။

နေ့စဉ်ရက်ဆက် ရှေ့ကိုပေါ်လာတဲ့သူကို
မျက်ကွယ်ပြုရင်း စိတ်ထဲနေရာမပေးဖို့
ကြိုးစားဖူးသည်။ဖြစ်ချင်တော့ Markတို့
သတိထားမိသွားတဲ့အခြေအနေအရ အစပျိုး
ခဲ့ရသည့်ဇာတ်လမ်းတစ်ပုဒ်၊ကိုယ်တိုင်က
လိုလားသည့်အလျောက်ပါဝင်ခဲ့သည့်ဇာတ်ကောင်လည်းဖြစ်လေသည်။

Impossible plots { Completed }Where stories live. Discover now