တစ်ရက်မဟုတ်တစ်ရက် ရောက်လာ
မလားဆိုသည့်အတွေးနှင့် ပုန်းနေသည်ကတစ်ဖက်သတ်စိတ်ကူးယဉ်ဆန်လွန်းသွားပြီ။ဒီနေ့နဲ့ဆိုJaemနဲ့တွေ့ခဲ့တာ တစ်လတိတိရှိ
လေပြီ၊မှတ်မှတ်ရရဖြစ်နေတာမျိုးမဟုတ်ဘဲ
ဒီတိုင်းအမှတ်မထင်စိတ်ထဲရောက်နေတာမျိုး။"နာဂျွန် ဖေဖေနဲ့ ခြံထဲသွားရအောင်
လိုက်မယ်လား""အယ် ဘွားဘွား"
ငြင်းတာမဟုတ်ဘဲ စစ်ကူခေါ်နေသည့်အသံ။
"သိပါပြီဗျာ ဘွားကိုအရမ်းဂျီမကျရဘူးနော်"
အမေပြောပြလို့ မှာစရာရှိတာလေးမှာရသေး။
ဒီနေ့က မေမေသွားနေကျ မိဘမဲ့ဂေဟာကို
အလှူလုပ်ရမယ့်ရက်၊သွားရင်းနဲ့ကလေးတွေနဲ့
အဖော်ရအောင် နာဂျွန်ကိုလည်းခေါ်သွားမည်
ဆိုတာကြောင့် တစ်မျိုးကောင်းသည်။ဒီနေ့တော့ ကိုယ့်ရဲ့ ဘာမဟုတ်တဲ့
အတွေးကြောင့် မကူညီဘဲပစ်ထားတဲ့
ခြံနဲ့ညီမလေးဆီသေချာသွားဂရုစိုက်
ပေးဖို့အချိန်ပိုရတာပေါ့။______
"ကျွန်တော့်ဌာနအထိလာပြီး ဒီတိုင်းကြီး
ထိုင်ပြန်သွားမလို့တော့မဟုတ်ဘူးမလား"".....
"နောက်ဆုံးနှစ်ရောက်မှ သတင်းတွေထွက်
တော့မယ်ထင်တယ် အဟားး""တော်စမ်း မင်းရဲ့ပေါက်ကရတွေ"
ထိုသို့ဆိုတော့ ချက်ချင်းလက်ချောင်းရှည်
တွေကပြုံးရယ်နေတဲ့နှုတ်ခမ်းထက်
ပိတ်ပင်လို့။"ဒါဆို အကိုဂျဲနို ဘာလို့လာတာလဲ"
"Jisung"
"ဟုတ်"
"Renjunနဲ့ပတ်သတ်ပြီးမင်းဘယ်လောက်
အထိသိထားလဲ""ကျွန်တော်ကလား မသိပါဘူး
ဘာလို့ အဲ့အကိုအကြောင်းသိရမှာလဲ""မလိမ်နဲ့ ကိုယ်မကြိုက်ဘူး"
"ဟမ် မလိမ်ပါဘူး"
ပြန်ဖြေသည်နှင့်ခြားစွာ ခေါင်းကိုငုံ့သာ
ထားသည့်ကောင်လေး။နောက်ကတစ်ချိန်လုံး
လိုက်နေပြီး စပ်စုနေတော့ ဒီပုံမဟုတ်၊ဖြစ်နိုင်
မယ်ဆိုရင် ခေါင်းခေါက်ပြီးဆုံးမပြစ်လိုက်
ချင်သေးတယ်။