"နာဂျွန်လေး ဒယ်ဒီဆီလာပါအုံး"
ဂျယ်မင်း အသုံးအနှုန်းအသစ်နှင့်ပင်
လက်လှမ်းကြိုဆိုတော့ ပြုံးစစနဲ့ အလည်
မလေးက တိုးကပ်လာပြီး၊သူ့ပါးငယ်ကို
လျှာထုတ်ပြောင်ပြသေး၏။"ဦးဦးကို ပိုချစ်သွားလို့မရဘူးလို့
ဖေဖေက အမြဲပြောနေတာ အဟိ""နာဂျွန်~
အကြောင်းအရာတစ်ခုဖောက်သည်ချ
ပြီးတဲ့သမီးမှာခင်ပွန်းလောင်းရဲ့အော်သံ
ကျယ်ကျယ်ကြောင့် ဂျယ်မင်းကို ဖက်တွယ်
ထားရင်း ကုပ်ကုပ်လေးနှင့်၊တကယ်လန့်
သွားတာတော့ဟုတ်မည်မထင်။"နာဂျွန် ဒယ်ဒီလို့ခေါ်ကြည့်"
"ဟမ် အဲ့လိုခေါ်မှ ရမှာလား"
"ဟုတ်တယ်လေ သမီးရဲ့ အဖေက
ဟောဒီက ပါးငယ်နဲ့ ဒယ်ဒီမို့ အဲ့လိုမျိုး
ခေါ်မှရမယ်နော် နာဂျွန် လိမ္မာတယ်မလား"သူ့ရင်ဘတ်ကိုထိုးပြီး ညွှန်းပြစကားဆို
လိုက်တစ်ဖက်ကို ပြပြီးစကားဆိုလိုက်နှင့်
ရှိသောနာဂျယ်မင်းနဲ့ ခုမှ ပိုခင်တွယ်နေတဲ့
သမီးရဲ့ပုံစံက ရွမ်ကျွင့်မျက်လုံးထဲတော့
ဘယ်လိုမှအဆင်မပြေလှ။စကားတစ်ခွန်း
ဆိုတစ်ခွန်း နားထောင်ရဖို့ သင်ပေးခဲ့မိတာ
ဒီလောက်မှားလိမ့်မယ်ဆိုပြီး မတွေးဖူးဘူး။ဘာတဲ့ ဒယ်ဒီလို့ ခေါ်ရမယ်ဆိုတော့
ဟုတ်ဆိုတဲ့ တလုံးနဲ့ ပြီးသွားတာပဲ!မနိုင်ဘူးဆိုတဲ့အတွေးနဲ့ ထိုမြင်ကွင်းကို
ရွမ်ကျွင့် ခေတ္တာဖယ်ခွာခဲ့ခြင်းဖြစ်သည်။"ဟယ်ချန်း အရင်ရက်ကအတွက်
ကျေးဇူးပဲနော် တကူးတကဖြစ်သွားရလို့""အေးပါ ရပါတယ်ဆို အဲ့နေ့ကလည်း
ပြောပြီးပြီကို ဒီနေ့လာတော့မှာမလား
ဆိုးလ်ရောက်မှ ငါလာတွေ့မယ်""သူအဆင်ပြေတယ်မလား ဟယ်ချန်း"
"ဂျဲနိုလား ဟိုကလေးဆီမှာတဲ့
စိတ်ပူမနေနဲ့ မင်းသာ ဂျယ်မင်းကို
တအားစိတ်ဆိုးပြီး ပြောဆိုမနေနဲ့
အဆင်ပြေအောင်လုပ်ကြတော့"ကြားထဲမှာ ဘယ်လောက်ပင်အမြင်မတည့်
ခဲ့ရဘူးဆိုသော်လည်း ပြန်ကြားသိရတဲ့အချို့
ကိစ္စလေးတွေကြောင့် ကောင်းတဲ့ဘက်ကို
တိုက်တွန်းဖြစ်သွား၏။