1.9K 46 18
                                    

[Unicode]

🫧မြစ်နှစ်စင်းရဲ့အဏ္ဏဝါ🫧

(အပိုင်း-၁)

🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧🫧

🫧ပြည့်စုံကိုယ်ပိုင်ကျောင်း🫧

"ညွှန်းရေ ညွှန်း..."

ပြည့်စုံကိုယ်ပိုင်အထက်တန်းကျောင်းရှိ ဆယ်တန်းဆောင်အတွင်း လှမ်းဝင်လာရင်း ‌နာမည်တစ်ခုကို အော်ခေါ်နေသည့် ကောင်မလေးနှစ်ယောက်။

"ညွှန်း...နင်ဟာလေ မထူးဘူး၊ဘာလဲ လေကဝယ်ရတာမို့လား၊"

"မျိုနေတာမမြင်ဘူးလား!"

နွယ်နဲ့သန့်သန့်လည်း ညွှန်းရှိရာနေရာကို အပြေးကလေးလှမ်းသွားလိုက်တယ်။ညွှန်းက နောက်ဆုံးတန်းရဲ့နံရံဘက်ရှိ ထောင်စွန်းမှာ နေရာယူတယ်လေ။

အခုလည်း တစ်ချိန်ပြီးလို့ နောက်ဆရာမလာခင် စပ်ကြားကာလမှာ သူ့ထုံးစံအတိုင်း ခုံအောက်ဝင်ပြီး မုန့်ခိုးစားနေတာ။ကျောင်းရဲ့စည်းကမ်းအရ ထမင်းစားချိန်မှအပ ကျန်နားချိန်များမှာလည်း အခန်းတွင်းမုန့်မစားရ။

"ရော့ နင့်ကို ဆရာမခိုင်းလိုက်တာ၊"

"ဒေါ်ကြည်ကြည်သိန်းတို့က လုပ်ပြီ၊"

နောက်တစ်ချိန်က ညွှန်း သိပ်ပျင်းတဲ့ သင်္ချာချိန်လေ။ညွှန်းက ကျန်တဲ့ဘာသာလည်း မထူးချွန်ပေမယ့်လို့ သင်္ချာသိပ်ညံ့တာ။သင်္ချာဆရာမ ဒေါ်ကြည်ကြည်သိန်းက ညွှန်းရဲ့မေမေနဲ့သူငယ်ချင်းမို့ ညွှန်းက သူ့အချစ်တော်လိုဖြစ်လို့။

ဆရာမက သေချာသင်ပေးပေမယ့်လည်း ညွှန်းကိုက သင်္ချာမှာပါရမီနည်းလို့ ညွှန်း သင်္ချာမကျတဲ့အပတ်ဆိုတာ မရှိသလောက်အရမ်းရှား။

ဆရာမက တစ်ခုခုဆို ညွှန်းကို ခိုင်းတတ်တယ်။ဆရာမမှမဟုတ်ပါဘူး။ဆရာမတိုင်းနီးပါး။ဘာလို့လဲသိချင်လား။ဆယ်တန်းတစ်ဆောင်လုံးမှာ တစ်ကျောင်းလုံးကိုသိပြီး တစ်ကျောင်းလုံးကလည်းသိတဲ့ ပါလေရာက ညွှန်းပဲရှိတာလေ။ဟင်းဟင်း ဘယ်သူမှ ဒီကျောင်းကို ညွှန်းလောက်မနှံ့စပ်။

တစ်ခန်းလုံးရဲ့နာမည်ကိုလည်း ညွှန်းကအလွတ်ရသေး။ညွှန်းက ဖင်ပေါ့ပါတယ်။ကိုယ်တတ်နိုင်တာဆို ဆရာတွေမှမဟုတ်။သူငယ်ချင်းအချင်းချင်းလည်း လုပ်ပေးလိုက်တာပဲ။

မြစ်နှစ်စင်းရဲ့အဏ္ဏဝါ(မြစ်နှစ်စင်းရဲ့အဏ္ဏဝါ)Donde viven las historias. Descúbrelo ahora