သူကထိုသို့ပြောပြီးတာနဲ့အပြင်ထွက်သွားကာ ချူချန်ကို ထိုအကြောင်းသွားပြောတော့သည်။

ချူချန်ကမူ ကြားတာနဲ့ လှောင်ရယ်လာ၏။

“သူက အရမ်းတော်နေတယ်ပေါ့။ဘာလို့ ခေါင်းဆောင်မင်းသားလုပ်ချင်တယ်လို့ပဲမပြောလိုက်တာလဲ။”

ယန်ဖန်းစိတ်ထဲ၌ ‘သူမလုပ်ချင်ဘူးထင်နေသလား?’

“အဲ့လိုသရုပ်ဆောင်တွေက ဇာတ်ရှုပ်လွန်းတယ်။ကြာလေ တောင်းဆိုချက်တွေများလေပဲ။မနက်ဖြန်ကျရင် လူရွေးပွဲလာဖြေဖို့  သရုပ်ဆောင်နည်းနည်းကို အကြံပြုလိုက်မယ်”

ယန်ဖန်းကပြုံးလိုက်ကာ-

“ဥက္ကဌချူကိုအလုပ်ပိုစေမိပြီး”

“ရတယ်။မင်းလိုအပ်တာရှိရင် ငါ့ကိုတန်းပြောချည်။အရင်ကပြောခဲ့သလိုပဲ ငါအများကြီးမတောင်းဆိုဘူး ဇာတ်ကားသာ ကောင်းကောင်းရိုက်ပေး”

“ဒါလုပ်သင့်တာပဲလေဗျာ”

သို့သော် ချူချန်နဲ့ယန်ဖန်းတို့နှစ်ယောက်လုံးမထင်ထားကြသည်မှာချူချန်က အရံမင်းသားနေရာအတွက် သင့်တော်မယ့်လူကို ရှီးယွီမှာ ရှာဖွေနေချိန် သူတို့ မထင်ထားတဲ့လူက ကျိချင်းကျိုးကို အရင်ဆက်သွယ်လာပြီး ထိုနေရာအတွက် ပြောလာသည်။

“မင်း အရံမင်းသားလုပ်ချင်တယ်လို့ပြောလိုက်တာလား” ကျိချင်းကျိုး အံ့ဩသွား၏။

ယင်းနျန်က ပြန်ဖြေလာသည်။

“အင်း။မရဘူးလို့လား”

“ရတာပေါ့။ဒါပေမယ့်....”

ကျိချင်းကျိုးအတော် နားမလည်ဖြစ်နေခဲ့သည်။

“မင်း ဒီကားထဲမှာ အရံမင်းသားအနေနဲ့ သရုပ်ဆောင်ရမှာကိုရော သိသေးရဲ့လား။မင်းက ငါ့ထက် လုပ်သက်ကြာသလို ငါ့ထက်လည်း ပိုနာမည်ကြီးတဲ့ဟာ ။စိတ်မရှိဘူးလား”

အတိအကျဆို ယင်းနျန်နဲ့စွင်းဖုတို့နှစ်ယောက်လုံးပထမအဆင့်အနုပညာရှင်တွေပါ။ယင်းနျန်ကတောင် စွင်းဖုထက် ပိုနာမည်ကြီးသေးတယ်။ဘာလို့ အရံမင်းသားနေရာကို ဒုက္ခခံပြီးယူနေတာလဲ...

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now