ချူချန်ဒီဇာတ်ကားပေါ် အရမ်းအလေးအနက်ထားနေမှန်း ယန်ဖန်းပြောနိုင်သည်။သူက ဇာတ်ညွှန်းရေးခွင့်တွေ၊ကျိချင်းကျိုး ခေါင်းဆောင်မင်းသားလုပ်ခွင့်တွေရဲ့ အလဲလှယ်အနေနဲ့ ရိုက်ကူးရေးအဖွဲ့ကို အလွန်အကြူးထောက်ပံ့ပေးထားလေသည်။စွင်းဖုမန်နေဂျာပြောတဲ့ ကိစ္စကိုချူချန်သဘောတူမှာမဟုတ်ချေ။ကျိချင်းကျိုးကြောင့်သာမက သူ့ဇာတ်ညွှန်းနဲ့ လုံးလုံး မကိုက်ညီ၍လည်းဖြစ်သည်။

ယန်ဖန်းသည်ကား နာမည်ကြီးအနုပညာရှင်တွေဘာတွေဆိုပြီး ဘက်မလိုက်တတ်။သူက အလွန်ဝါရင့်သူတစ်ယောက်ဖြစ်၍ နာမည်ကြီးအနုပညာရှင်တွေကိုလည်းညီတူညီမျှကြည့်တတ်သည်။ဒါပေမယ့် သူက ကရိကထများလွန်းတဲ့ သရုပ်ဆောင်တွေကိုတော့ သဘောမကျပေ။အထူးသဖြင့် အချိန်တိုင်း အခွင့်အရေးတစ်ခုပြီးတစ်ခုတောင်းဆိုတဲ့သူတွေဖြစ်သည် ။စွင်းဖုမန်နေဂျာက ရိုက်ကူးရေးစခါနီးမှ ဒီတောင်းဆိုချက်လုပ်လာတာဟာ ဒီအချိန်မှ သင့်တော်တဲ့အနုပညာရှင်ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ထားကာ ရိုက်ကူးရေးအဖွဲ့အလျော့ပေးအောင်လုပ်ချင်တာဖြစ်သည်။

ယန်ဖန်း ထိုအနုပညာရှင်ရှာတဲ့ကိစ္စကို စိတ်ပူမိပေမယ့် မကြာခင်နားလည်သွားတာက သူရှာမတွေ့နိုင်ရင်တောင် ချူချန်နောက်မှာ သရုပ်ဆောင်တွေမွေးထုတ်ပေးနေတဲ့ ရှီးယွီကုမ္ပဏီကြီး တစ်ခုလုံးရှိနေတဲ့ဟာ သင့်တော်တဲ့ လူတစ်ယောက်တော့ ရှိလိမ့်မယ်ဆိုတာပင်။

“ကောင်းပြီ။ဒါပဲပေါ့။မင်းတို့ပြောစရာမရှိတော့ရင် အနုပညာရှင်ပြန်ရွေးဖို့ လုပ်လိုက်တော့မယ်”

သူကစကားဆုံးသည်နှင့် ကျိုးရှင်းမန်နေဂျာကိုကြည့်ကာ-

“မင်းရော....ဘာတောင်းဆိုဦးမလဲ”

“မတောင်းပါဘူး”

ကျိုးရှင်းမန်နေဂျာက စွင်းဖုသတင်းကြားလို့ ရောက်လာတာဖြစ်သည်။

“ရိုက်ကူးရေးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လက်ခံပါတယ်။ရှောင်ရှင်းက ခေါင်းဆောင်မင်းသမီးမို့ နောက်မှာ မထားခိုင်စေချင်ရုံပါပဲ”

“ဒါဆိုကောင်းပြီလေ ငါလုပ်စရာရှိသေးလို့ သွားနှင့်ဦးမယ်”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Onde as histórias ganham vida. Descobre agora