ဝမ်ဖင်းကျွင်က သက်ပြင်းချကာ-

“အခုက မင်း ကျိချင်းကျိုးထက်နိမ့်သွားလို့ဆိုပြီး ခံစားနေရမှန်း ငါသိပါတယ်။ဒါပေမယ့် အခုမှဘာလုပ်တော့မလဲ။ဆက်ရိုက်သွားရုံပဲပေါ့။မင်းရိုက်တဲ့ 《‌နတ်ဘုရားအမိန့်တော်》ရဲ့ရလဒ်က 《ခါငှက်‌ကောင်းကင်》ထက် ပိုပြီး နာမည်ကြီးနိုင်သမျှ အဆုံးသတ်ရယ်မောနိုင်မယ့်လူက မင်းပဲဖြစ်မှာ”

လော့ယွီရှင်းက ခေါင်းညိမ့်လိုက်ပေမယ့်-

“ကျွန်တော် 《ခါငှက်‌ကောင်းကင်》အကြောင်းဘာလို့ မကြားမိတာလဲ။ဒီလောက် IPကြီးကြီးကို လူရွေးပွဲအကြောင်း သတင်းတောင်မရှိဘူးတဲ့လား။ထူးဆန်းလိုက်တာ”

“အတွင်ပိုင်းမှာ ဆုံးဖြတ်ထားတာကြာပြီထင်တယ်။ယန်ဖန်းအဖွဲ့ကလည်း အရမ်းလုပ်သက်ရင့်နေတော့ သူတို့နည်းသူတို့ပုံစံနဲ့ လုပ်ကိုင်ကြတာနေမှာပေါ့”

လော့ယွီရှင်းကတော့ မကျေမနပ်ဖြစ်နေဆဲပင်။တိုက်ဆိုင်လွန်းတယ်...《ခါငှက်‌ကောင်းကင်》ကို စောစောကြေညာချက်မထုတ်တာက တိုက်ဆိုင်လွန်းသည်။ကြေညာချက်ထုတ်ပြန်တော့လည်း သူ့ဆီ ရည်ရွက်ချက်ရှိရှိဦးတည်နေသလိုပင်။တစ်ခြားသူတွေမသိကြပေမယ့် ကျိချင်းကျိုး အရင်ဆက်သွယ်ခဲ့တာက 《‌နတ်ဘုရားအမိန့်တော်》ဆိုတာ သူသိနေတယ်လေ။ကျိချင်းကျိုးက 《‌နတ်ဘုရားအမိန့်တော်》ကို အရင် ဆက်သွယ်ခဲ့တာ! ဒါပေမယ့် အခုကျ ရက်နည်းနည်းပဲရှိသေးတာကို 《‌နတ်ဘုရားအမိန့်တော်》ထက်IP ပိုကြီးတဲ့ 《ခါငှက်‌ကောင်းကင်》နဲ့ တရားဝင်ကြေညာချက်ထွက်လာတယ်လား။ဘယ်လိုဖြစ်နိုင်မှာလဲ?

သူဘယ်လိုလုပ်ပြီး 《‌နတ်ဘုရားအမိန့်တော်》မှာ ခေါင်းဆောင်မင်းသားနေရာရသွားလဲ လော့ယွီရှင်း နားမလည်နိုင်။ဘယ်သူ့ကို မှီခိုထားတာလဲ? ကျိုးချန်ဖုန်း? သူခန့်မှန်းနေတာတွေ မရပ်နိုင်တော့ချေ။ရုတ်ခြည်းဆိုသလို ချစ်သူများနေ့ သူကားထဲမှာ ထိုင်နေရင်း ကျိချင်းကျိုးကို လာကြိုတဲ့ကားထဲကလူကို တွေးမိသွား၏။

အဲ့လူနဲ့ ဆက်စပ်နေမလား?

လော့ယွီရှင်းတစ်ယောက် အတွေးထဲနစ်မြောသွားခဲ့လေသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now