final

202 19 0
                                    

" မင်္ဂလာချိန်ကျရောက်လို့လာပြီဖြစ်လို့ သတို့သားလောင်းလေးက ကျေးဇူးပြုပြီး ခန်းမထဲ ဝင်လာပေးပါ့ခင်ဗျာ"

ဖာသာရဲ့ စကားအဆုံးမှာ Chanyeol ရဲ့ လက်ကိုတွဲကာ ခန်းမထဲသို့ ဝင်လာသော ချစ်ရသူ။  အဖြူဝမ်းဆက်ဝတ်ဆုံလေးနဲ့ လိုက်ဖက်ညီမူက နတ်သားတစ်ပါးကဲ့သို့ လှပတင့်တယ်နေသည်။ ဒီလူသားလေးကို အခုဆိုရင် သူတရားဝင်ပိုင်ဆိုင်ရတော့မည်တဲ့လား အခက်ခဲတွေ အများကြီးကို ကျော်ဖြတ်ပြီးမှ ရရှိခဲဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ပျော်ရွှင်စရာအချိန်လေး။

.......

နောက်ဆုံးတစ်ခေါက် အရေးပေါ်ဖြစ်ပြီး မကြာခင်မှာ အသေးလေး သတိပြန်ရလာခဲ့တယ်။

သတိရရချင်းပြောနေခဲ့တာက  မောင့်ကို ပြန်မတွေ့ရတော့ဘူး ထင်နေတာတဲ့

ကျွန်တော်မှာ ပျော်လွန်းလို့ အဲ့နေ့ကတစ်နေကုန် မျက်ရည်များနှင့်ဖြတ်သန်းရသည်။ မောင်တဲ့ ‌ဘယ်လောက် နားဝင်ချိုတဲ့ သံစဉ်လေးလဲ။ ရပါပြီ လုံလောက်ပြီ သူ ဘာမှ ထပ်ပြီး မတောင်းဆိုတော့ပါဘူး ဒီလူသားလေးနဲ့ မိသားစုဘဝလေးကို ပျော်ရွှင်စွာ နေထိုင်သွားရရင်ဘဲ ကျေနပ်ပါပြီ။ ပြီးတော့ ဗိုက်လေးက တဖြည်းဖြည်း ငါးပူတင်းလေးလို ပူထွက်လာတာကြောင့်  အရှက်သည်းတဲ့ ချစ်ရသူရဲ့ စိတ်တိုင်းကျ တပတ်အတွင်း မင်္ဂလာဆောင်ဖို့ ပြင်ဆင်ရသည်။ 

  ကတိသစ္စာပြုပါ

"ကျွန်တော် Kim jongin သည် ဒီကချစ်ရသူအပေါ်ကို သေတဖန် သက်တဆုံးချစ်မြတ်နိုးသွားပါမည် ပြီးတော့ ရှေ့ဆက်မယ့်သည်းငယ်ဘဝလေးကို ပျော်ရွှင်စေဖို့ တာဝန်ယူပါရစေ"

"ကျွန်တော် ဒိုဂျောင်ဆူးသည် မောင့်အပေါ်ကို မဖောက်ပြန်သော ချစ်ခြင်းမျိုးနဲ့ ချစ်သွားပါမည် ဒါကြောင့် ကျွန်တော်ရဲ့ရှေ့ဆက်မယ့် အနာဂတ်လေးကို ပဲ့ကိုင်ပေးပါ မောင်"

နောက်ဆုံးမှာ ထပ်တူကြသွားတဲ့ နှုတ်ခမ်းတစ်စုံနဲ့အတူ  ပရိသတ်တွေရဲ့ အားပေးလက်ခုပ်သံတွေက  သူတို့ချစ်ခြင်းကို  အားပေးထောက်ခံ‌ပုံပင်ဖြစ်သည်။

............

" Mr .Lee ..." 

လီမင်ဂျွန်ကို မြင်တာနဲ့ ခန္တာကိုယ်တုန်တက်သွားသော အသေးလေးကို jongin အနောက်ကထိန်းဖက်ထားလိုက်သည်။

Love Is GoneNơi câu chuyện tồn tại. Hãy khám phá bây giờ