17

128 17 2
                                    

"အသေးလေးရေ ကိုယ်ပြန်လာပြီ"

"....."

"အသေးလေးရေ ဂျောင်ဆူးရေ ပူတူးလေးရေ" Kim jongin သာဆက်တိုက်ခေါ်နေပေမဲ့ တဖက်ကပြန်ထူးသံ မကြား။ ဒါကြောင့်  ‌‌ေနာက်တခေါက် ထပ်ခေါ်မယ်အလုပ်

"သားပြန်လာပြီလား ဂျောင်ဆူးလေးက ခုချိန်ထိ ကျောင်းက ပြန်မလာသေးဘူးလေ  သားနဲ့တူတူရှိနေကြတာမဟုတ်ဘူးလား"

"သားနဲ့တူတူမရှိပါဘူး  ဒီကလေးဘယ်ဝင်နေလဲ မသိဘူး ဖုန်းဆက်ကြည့်လိုက်အုံးမယ်"

ဖုန်းဆက်တိုက်ခေါ်နေပေမဲ့ တဖက်က စက်ပိတ်ထားတယ်လို့ဘဲ ဖြေနေတာကြောင့် Kim jongin တစ်ယောက်စိတ်ပူလာသည်။

"ဖုန်းဆက်လို့ရလား သား"

"ကျစ်! မရဘူးမေမေ  ‌ဘယ်တွေများဝင်နေလဲ မသိဘူး သားကျောင်းကို တချက်သွားကြည့်လိုက်အုံးမယ် "

"အေး အေး ဂရုစိုက်‌နော်သားငယ်" သူ့မေမေရဲ့ စကားသံလဲ သူမကြားနိုင်တော့ပါ။စိတ်ထဲမှာ ဂျောင်ဆူးဘယ်ရောက်နေလဲ ဆိုတာဘဲ သူ့စိတ်ထဲကြီးစိုးနေသည်။

....

"သေချာလို့လား ကျောင်းသားတွေ အကုန်ပြန်သွားပြီဆိုတာ သေချာလို့လား ဦးလေးရယ်"  ကျောင်းကိုရောက်လာတော့ ညနေတောင်စောင်းနေပြီ ။ဒါကြောင့် ကျောင်းဂိတ်စောင့်ကလည်း သူကို  ကျောင်းသားတွေ မရှိတော့ကြောင်း ‌ပြောပြနေသည်။

"ဟို ကျွန်တော်တချက်လောက် ဝင်ရှာကြည့်လို့ရမလား"

"အာ အဲ့ဒါက "

"လုပ်ပါဗျာ  ကျွန်တော်ဒီတိုင်းဝင်ရှာမှာပါ"

"အဲ့ဒါဆိုလဲ ဝင်ရှာကြည့်လေ  ဒီမှာ သော့တွေ"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

Jongin တစ်ယောက် အိမ်သာ ကျောင်းခေါင်မိုးထပ် စာကြည့်တိုက် အားကစားရုံ အကုန်ရှာနေပေမဲ့ အသေးလေး၏ အရိပ်ယောင်တောင် မတွေ့ခဲ့ရပါ။

"တွေ့လား မင်းရဲ့ ညီလေးကို"

" အာ မတွေ့ခဲ့ပါဘူး ရှာခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျောင်းစောင့်ဦးလေးကြီးကိုလဲ သေချာ ကျေးဇူးတင်ကြောင်းပြောကာ အသေးလေးသွားလာ‌တတ်တဲ့ နေရာ တော်တော်များများကို လိုက်ရှာတော့လဲ မတွေ့။သူလဲ ပူထူနေပြီ ။အာ ဘတ်ခ်ဟျွန်း။နောက်ဆုံးမှာသတိရတာက ဘတ်ခ်ဟျွန်းဘဲ

Love Is GoneМесто, где живут истории. Откройте их для себя