16

121 19 0
                                    

"တကယ်တော့ လူနာဖြစ်နေတဲ့ အခြေအနေက တော်တော်ထူးဆန်းနေလို့ပါ ဒါကြောင့်အုပ်ထိန်းသူနဲ့ တိုက်ရိုက်ပြောချင်တာ။ခု ကျွန်တော်မေးတာကို သေချာလေးဖြေပေးပါ။လူနာက ချစ်သူ ဒါမှ မဟုတ် အိမ်ထောင်ရှိနေတာလား"

"ဟုတ် လက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့သူရှိပါတယ် မကြာခင်လဲ သူတို့ လက်ထပ်ကြတော့မှာပါ"  Chanyeol အဖြေအဆုံး ဆရာဝန်က သက်ပြင်းတချက်ချကာ

"ဒါဆို သူတို့က ဟို လွန်ကျူးပြီးပြီလား"

"အဲ့ဒါက ..."

"ဟုတ်ကဲ့ ကျွန်တော်တို့လွန်ကျူးခဲ့ပြီးပါပြီ" Chanyeol အဖြေရခက်နေသော မေးခွန်းကို  ရုတ်တရက် ဖြေဆို‌‌ေပးသော ဂျောင်ဆူး

"အဲ့ဒါနဲ့ဘာများပတ်သက်နေလို့လဲ ဒေါက်တာ " သိချင်စိတ်ကြောင့်  ဂျောင်ဆူး ဒေါက်တာကို တည့်မေးလိုက်တယ်

"ကျွန်တော် ဆရာဝန်သက်တမ်းတစ်လျှောက်မှာ ယောင်္ကျားလေးကိုယ်ဝန်ရတယ်ဆိုတာ  တစ်ခါဘဲ တွေ့ဖူးတာ ဒါကလဲ နိုင်ငံခြားမှာပါ သူတို့ကိုယ်တိုင်ကလည်း နှစ်ဦးသ‌ေဘာတူသားအိမ်ထည့်ခဲ့ကြပါတယ်။ ဒီ‌အကြောင်းတွေပြောပြနေရတာဟာ ဒီက ဒိုဂျောင်ဆူးဆီမှာ ကိုယ်ဝန်ရှိနေလို့ပါ"

"ဗျာ ကျွန်တော်က မဖြစ် မဖြစ်နိုင်ပါဘူး မှားနေတာ ထင်တယ်နော် ကျွန်တော်က သားအိမ်မထည့်ထားဘူးလေ "

"ကျွန်တော်အထင် မွေးရာပါ သားအိမ်ပါခဲ့တယ်ထင်တယ် ပြီးတော့ ကျွန်တော်စစ်ဆေးတာမှားမှာဆိုးလို့ အထပ်ထပ်အခါခါ စစ်ဆေးထားတာပါ။ ကိုယ်ဝန်က တပတ်ကျော်ပါပြီ ဒါပေမဲ့ သားအိမ်က အရမ်းအားနည်းနေတဲ့အတွက် ကလေးကို လိုချင်ရင်တော့ သေသေချာချာဂရုစိုက်ရပါ့မယ်"

"ဒါဆို တကယ်ပေါ့နော် ဘတ်ခ်ဟျွန်း ငါ့ဗိုက်ငါ့ဗိုက်‌ထဲမှာ ငါ့ကလေးလေးရှိနေပြီတဲ့ ငါ့နဲ့ Kimရဲ့ ကလေးလေးလေ"

အရမ်းပျော်ရွှင်ပြီး ပြောပြနေတဲ့ ဂျောင်ဆူးကိုကြည့်၍ ဘတ်ခ်ဟျွန်းလဲ ပျော်ရွှင်လာရသည်။ ဒီကလေးလေးက သူ့တို့အတွက် ဘုရားပေးတဲ့ဆုလာဒ်ဘဲလေ။

"ဒီအကြောင်းကို Kimကို မပြောပြနဲ့နော် ငါKim‌မွေးနေ့ရောက်မှ မွေးနေ့လက်ဆောင်အနေနဲ့ ဒီအကြောင်းလေးပြောပြချင်လို့"

"သဘောပါခင်ဗျာ ကျွန်တော်မျိုး‌တို့ မပြောပါဘူး ဒါပေမဲ့ ဗိုက်လေးကို သေချာဂရုစိုက်နော် ဂျောင်ဆူး" ဘတ်ခ်ဟျွန်းက ဂျောင်ဆူးဗိုက်လေးကိုပွတ်ပြီး စိတ်ပူစွာစကားပြန်ဆိုသည်။

"အင်းပါ ငါဂရုစိုက်မှာ‌ပါ"

"ကဲ ဒါဆိုပြန်ကြရအောင်  ဂျောင်ဆူးလေးကို hyungဝင်ပို့ခဲ့မယ်နော်"

"ရပါတယ် ကျွန်တော်ဘာသာပြန်လိုက်ပါ့မယ်  အပြန်ဝယ်စရာလေးရှိလို့ပါ"

"ဖြစ်ပါ့မလား ဂျောင်ဆူးရဲ့ ဗိုက်ထဲမှာ"

"ဘတ်ခ်ဟျွန်းရယ် ငါဗိုက်က အခုမှ တပတ်ဘဲရှိသေးတာ ဘာမှ မဖြစ်ပါဘူး "

"အေးပါ ဒါဆိုစိတ်ချမယ်နော်"

"အင်း သွာတော့"

~~~~~~

ဆေးရုံကအပြန်ဂျောင်ဆူး  စိတ်လေးထူး"ခြား"ဖြစ်ပေါ်နေတယ် ။ ဘာလဲဆိုရင် Kimအတွက်သူ့ကိုယ်တိုင်မီးဖိုချောင်ထဲဝင်ပြီး စားစရာလေးတွေချက်ပြုတ်ပေးချင်တယ်။

သူဟာ ဟင်းချက်ရမှာ အရမ်းပျင်းတဲ့သူတျောက်ပါ။ဒါပေမဲ့ ဒီနေ့မှ စိတ်ကပြင်းပြင်းပြပြကို ထက်သန်နေတာ။ အဲ့တော့သူ Mini Market လေးထဲဝင်ပြီး ချက်စရာလေးတွေ ဝင်ဝယ်နေလိုက်တယ်

ဟိုဟိုဒီဒီရွေးရင်း သူရောက်လာတာ  လူအနည်းငယ်ရှင်းသည့်  နေရာ။ လူအနည်းငယ်ရှင်းသောကြောင့် သူလဲ ပြန်ထွက်မည်အလုပ်

"ဒို ဂျောင် ဆူး  "

ရုတ်တရက်  သူနာမည်ကို အနောက်ဘက်ကနေ ကြက်သီးထစရာတစ်လုံးချင်းခေါ်သော အမျိုးသမီးတစ်ယောက်အသံ။  ထိုလူအား ကြည့်ရန် ‌နောက်သို့အလှည့်

  စူးရှရှအနံတို့က သူနှာခေါင်းထိပ်သို့ ပျံ့နှံ့လာပြီး သူအမှောင်ကမ္ဘာလေးသို့ ကျရောက်သွားလေသည်။

🐻20.11.2022🐧

ဒီအပိုင်းလေးက တော်တော်ကို တိုသွားပါတယ် ။  ဒီနေ့ အလုပ်တွေရှုပ်ပြီး ပင်ပန်းနေလို့ပါ။  နောက်နေ့ အများကြီးရေးပေးပါ့မယ်နော် ❤️❤️

Love Is GoneWhere stories live. Discover now