6

187 19 5
                                    

"ဟင် Kim မပြန်သေးဘူးလား"

"အင်း အသေးလေးကို စောင့်နေတာ အိမ်ပြန်ပို့ပေးမယ်လေ  ပြီးတော့ ဒီမှာဆေး အိမ်ရောက်ရင် ဒဏ်ရာတွေကို သေချာဆေးထည့်အုံးနော်"

"အာ  ‌ဆေးအတွက် ကျေးဇူးတင်ပါတယ်  ပြီးတော့ ကျွန်တော်တို့ အိမ်ကဒီနားလေးတင်ရယ်"

"ဒါပေမဲ့ ကိုယ်က လိုက်ပို့ချင်တယ်ဆိုရင်ရော"

"ကျွန်တော်အတွက် အဆင်မပြေလို့ပါ လိုက်မပို့ပါနဲ့နော် "

တော်ကြာ တီတီလေးမြင်သွားရင်  အဆူခံအုံးမယ်

"အင်းပါ ဒါဆိုလဲ အသေးလေးသဘောပါ ကိုယ်လိုက်မပို့တော့ဘူး ဒါပေမဲ့ ညဘက်ကျဖုန်းပြောလို့ရအောင်  ဖုန်းနံပါတ်လေးတော့ပေးခဲ့"

"ဟို ကျွန်တော်မှာ ဖုန်းမရှိဘူး "

" ဟင် မပေးချင်လို့လား ကိုယ်ခနခနမဆက်ပါဘူး သတိရတဲ့ အခါလောက်မှဘဲ ဆက်မှာပါ"

"အဲ့လိုမဟုတ်ပါဘူး တကယ် ကျွန်တော့မှာ ဖုန်းမရှိလို့ပါ။ ကျွန်တော်က တီတီလေး‌တို့နဲ့နေရတာ မိဘတွေဆုံးသွားပြီးထဲက တီလေးကစောင့်ရှောက်ပေးထားတော့  သူသဘောကျ နေရတာမို့လို့ပါ တောင်ပန်းပါတယ်နော် Kim"

"အသေးလေးက ဘာအမှားလုပ်ထားလို့ ကိုယ့်ကို တောင်းပန်တာလဲ "

"အဲ့ဒါက ဟို Kim အခုပြောတာတွေ ကျွန်တော်တခုမှ လိုက်လျောမပေးနိုင်လို့ပါ
တောင်းပန်တာပါ"

" အဲ့အတွက်ဆို တောင်းပန်စရာ မလိုပါဘူး  ကဲပါ ပြန်တော့ နောက်ကျနေအုံးမယ် နောက်မှထပ်တွေ့ကျတာပေါ့နော်"

"ဟုတ် အဲ့ဆို သွားတော့မယ်နော် ခွင့်ပြုပါအုံး"

"ငါ့ကို Seoul University  မှာ စီးပွားရေးနောက်ဆုံးနှစ်တက်နေတဲ့ ဒိုဂျောင်ဆူး အကြောင်းအကုန်စုံစမ်းပေး"

~~~~~

"ဒိုဂျောင်ဆူး  ဘာလို့ ဒီလောက်နောက်ကျရတာလဲ "

"ဟို အဲ့ဒါကလေ  ဟို ........."

"တော်ပြီ မေးလိုက်ရင်လဲ ဘယ်တော့မှ သွက်သွက်လက်လက်ကဖြေတယ်ကို မရှိဘူး  နုံတိနုံချာနဲ့ အမေနဲ့ တပုံစံထဲဘဲ မခုတ်တဲ့ ကြောင်ပုံစံဖမ်းနေတယ် ဒီနေ့ ငါရဲ့ အရေးကြီးဆုံး ဧည့်သည်လာဖို့ရှိတယ် ခြံထဲ သန့်ရှင်းသေချာလုပ်ထား ကြမ်းလဲ တိုက်ထား ပြီးတော့ အိမ်တော်ထိန်းကိုလဲ ကူပေးလိုက် ကြားလား သွားတော့"

Love Is GoneOnde histórias criam vida. Descubra agora