1

528 30 3
                                    

" ရော့ အဲ့မှာပိုက်ဆံ  ငါ့သားနဲ့ မပတ်သက်ဖို့ မင်းအတွက်လုံလောက်တယ်မလား "

"အဲ့ဒါဘာသဘောလဲ အန်တီ"

"ဘာသဘောရမှာလဲ ငါရဲ့ သားကို မင်းလို့  မိဘမျိုးရိုးမရှိ အဆင့်အတန်းမရှိ ငွေမရှိတဲ့သူနဲ့ ပေးစားရလောက်အောင် ငါမရူးသေးဘူး
အဲ့တော့ ဒီပိုက်ဆံတွေယူပြီး ငါသားနဲ့ အဝေးဆုံးကိုထွက်သွားပေးပါ ငါ့သားရှေ့ ယောင်လို့တောင် ပေါ်မလာပါနဲ့"

"ဒီမှာ အန်တီ ကျွန်မကို ငွေမက်လို့ အကိုနဲ့တွဲတယ်လို့ ထင်နေတာလား မဟုတ်ဘူးနော် ပြီးတော့ ကျွန်‌မက  စခဲ့တာမဟုတ်ဘူး အကိုကသာ ကျွန်မကို သဘောကျလို့ ချစ်လို့  ကြိုးစားခဲ့တာ ကျွန်မလဲ မိန်းမသားတျောက်အနေနဲ့ ကိုယ့်ကိုတန်ဖိုးထားပြီး ချစ်ပေးတဲ့သူကို ရွေးချယ်လိုက်ယုံဘဲ ကျန်တာ ဘာမှ မလိုဘူး အဲ့တော့ဒီငွေကို ပြန်ယူသွားပါ  ပြောစရာမရှိတော့ဘူးဆို ကျွန်မကို ခွင့်ပြုပါအုံးနော် "

"မင်း မင်း...."

သူနာမည်က လီဂျောင်ယွန်းပ ကျွန်မချစ်သူကတော့  Do group ရဲ့ သားအငယ်ဆုံးလေး Do Soo Man ပေါ့  အကို့မိဘတွေက ဂုဏ်မက်တယ် အဆင်အတန်းကြည့်တယ် ငွေမက်တယ် မာနကြီးတယ် အကိုကတော့ အဲ့အချက်တွေ မရှိဘူး သဘောထားပြည့်ဝတယ် လူချစ်တဲ့ သူတွေကို တန်ဖိုးထားတယ် မြတ်နိုးတယ် အဲ့‌အချက်တွေကြောင့် သူ့အကို့ကို ရွေးချယ်ခဲ့တာပါ ကျန်တာ ဘာမှ မမက်ပါဘူး ခုတော့ သူ့မာနကို စော်ကားခံရတယ် တကယ်လူ့ဘဝဆိုတာ ပိုက်ဆံရှိတဲ့ သူတွေက ပိုက်ဆံမရှိတဲ့ သူတွေဆို အရမ်းဖိနှိပ်ချင်ကြတယ်  ဘာကြောင့်များလဲ ........

"သား မင်း လီဂျောင်ယွန်းနဲ့ အဆက်သွယ်ဖြတ်  မင်းကို ယွန်းနာလေးနဲ့ လက်ထပ်ပေးဖို့ အကုန်စီစဉ်ပြီးပြီ "

"ဘာလို့လဲ မေမေ ဘာကြောင့်လဲ သားကို တစ်ခုမှ မတိုင်ပင်ဘဲဲနဲ့ ပြီးတော့ဂျောင်ယွန်းက  ငွေမရှိလို့လား  မေမေ ဒီခေတ်ကြီးမှ ‌ငွေက အရေးကြီးတာ မဟုတ်ဘူး စိတ်ဓာတ် ဂျောင်ယွန်းက စိတ်ဓာတ်ကောင်းတဲ့ မိန်းကလေး သားသူ့ကိုဘဲ ချစ်တယ် မေမေဆန္ဒကို လိုက်လျောမပေးနိုင်တာ ခွင့်လွှတ်ပါ"

Love Is GoneWhere stories live. Discover now