9

139 20 0
                                    

" အိမ်တော်ထိန်း ဒီနေ့ည ရှယ်ယာရှင်ဂုဏ်ပြုပွဲလေးလုပ်မလို့ စားပွဲလေးစီစဉ်ထားပေး‌နော် အကူအနေနဲ့ ဒိုဂျောင်ဆူးကို ခိုင်းလိုက်နော်"

"ဟုတ်ကဲ့ အကုန်စီစဉ်ထားလိုက်ပါ့မယ်"

"ဒေါ်ကြီး တီတီက ဘာတွေ ပြောနေတာလဲ"

"အော် ညကျ အိမ်မှာ ပွဲရှိလို့ အစားသောက်တွေ ပြင်ဆင်ပေးဖို့ပြောနေတာ "

"အော် ဒါဆို သားဘာကူညီရမလဲ "

"သားက အချိုပွဲအတွက် ဒီအသီးလေးတွေ ရေဆေးပြီး လှီးထားပေး ကျန်တာ ဒေါ်ကြီးလုပ်လိုက်မယ် "

"ဟုတ်"

.....

"သား ပြီးသွားပြီ ဘာလုပ်ပေးရအုံးမလဲ "

"ခြံထဲမှာ လုပ်မှာဆိုတော့ ခြံထဲ သန့်ရှင်းရေး လုပ်ပြီး ခုံတွေ သွားချရအောင် ဒေါ်ကြီးလဲ ချက်လို့ပြီးပြီဆိုတော့ တူတူလုပ်ကြမယ် လာ"

"ဟုတ် ဒါနဲ့ ဘာပွဲလုပ်မှာလဲ တီတီလေး မွေးနေ့လဲ မဟုတ်ဘဲနဲ့"

"ရှယ်ယာရှင် ဂုဏ်ပြုပွဲဆိုလားဘဲ လာပါသားရယ် ‌ ပြင်ဆင်ပေးရမှာ ဒေါ်ကြီးတို့ တာဝန်ဘဲ "

"ဟုတ်ကဲ့"

~~~~~~

"Chanyeol hyung စောင့်နေတာ ကြာသွားပြီလားဟင် ‌နောက်ဆုံးချိန်မှာ ဆရာမက စာအုပ်စစ်နေလို့ "

"မကြာသေးပါဘူးဗျာ ဒါနဲ့ ဒီနေ့ ဂျောင်ဆူးကို မတွေ့ပါလား"

"ဟုတ်တယ် ဒီနေ့ သူလုပ်စရာရှိလို့ မလာတာလို့တော့ ပြောတယ် ဂျောင်‌ဆူးကိုတောင် လွမ်းသွားပြီ"

"အကို့ကိုကျ မလွမ်းဘူးပေါ့"

"လွမ်းတာပေါ့ နေ့တိုင်းတွေ့နေရ‌တာတောင်လွမ်းတယ် ဟီး"

"အတတ်ကလေး အဲ့အပြောလေးတွေကိုဘဲ ဒီကချစ်နေရတာ "

"အော‌ ပြောစရာရှိသေးတယ် ဆေးပေးခန်းက ဆရာဝန်မနဲ့ ဘာတွေများပြောနေလို့ တဟီးဟီး တဟားဟားဖစ်နေရတာလဲ"

"အော် ကလေးသိနေတာလား"

"သိတာပေါ့ ကျွန်တော်ဘေးကနေ ဖြတ်သွားတာတောင် မမြင်နိုင်ဘူးလေ"

Love Is GoneWhere stories live. Discover now