“အခုတစ်လောပိုပိုပြီး လက်ရဲဇက်ရဲရှိလာတယ်နော်ပေါက်စ။ တကယ်ပဲ အခွင့်အာဏာတွေပြန်မပေးခဲ့သင့်ဘူး”

သူအခွင့်အရေးယူတဲ့အချိန်မှာ ချူချန်ကလူကောင်းလေးဟန်ဆောင်နေသည်။

“ပြန်ယူချင်ယူပလိုက်”
ကျိချင်းကျိုးဖြင့် စိတ်ထဲတောင်မထား။

“အဲ့ကျရင်တော့ ကျွန်တော်လုံးဝစကားစပြောလာမှာမဟုတ်ဘူးဆိုတာသိထား။တစ်ခွန်းမေး တစ်ခွန်းဖြေပဲရမယ်။ခင်ဗျားစကားစမပြောရင် ကျွန်တော့်ဆီကလည်းဘာမှကြားရမယ်မထင်နဲ့။ဘယ်သူအရင်စည်းဖောက်မလဲကြည့်ကြတာပေါ့”

“ပါးကိုဒီလိုတွေဆက်ဆံရဲတဲ့အထိ အရမ်းကို အခွင့်အာဏာတွေကြွယ်ဝနေတာပဲ။”

ကျိချင်းကျိုး ရယ်ပြီး ချူချန်ကိုဖက်၍ မျက်ခုံးနှစ်ဖက်အား အနမ်းခြွေလိုက်သည်။

“မဟုတ်ကဟုတ်က ကျွန်တော်က အရမ်းလိမ္မာသိတတ်သူလေးပါ‌ နော်”

ချူချန်က အသံတိုးတိုးဖြင့်ရယ်လာသည်။လူကို မချစ်ချစ်အောင်လုပ်နိုင်တဲ့ တကယ့်ဟာလေး!

ချစ်သူများနေ့က နှင်းဆီးပန်းတွေလည်း ရက်နည်းနည်းအတွင်း ညှိုးနွမ်းလာကျသည်။ကျိချင်းကျိုးကတော့ နှင်းဆီပန်းတွေကိုယူပြီးလေသာပြတင်းမှာ ဖင်တစ်ပြန်ခေါင်းတစ်ပြန်ချိတ်ဆွဲနေ၏။ပန်းတွေကို အခြောက်ခံပြီး ပန်းခြောက်လုပ်ရမည်ပင်။ချူချန်ကမူ ကရိကထများလွန်းသည်ခံစားရ၍-
“မင်းကြိုက်ရင်  နောက်တစ်စည်းထပ်ဝယ်ပေးမှာပေါ့။ညှိုးပလေ့စေ”

ကျိချင်းကျိုးသည် ထိုမျှထိပျင်းဖို့ကောင်းသူအား တစ်ချက်သာဝေ့ကြည့်၍ အဖက်လုပ်ပြီးရှင်းပြမနေတော့ပေ။
“ လိုက်မထိနဲ့” သူ ချူချန်ကိုပြောလိုက်၏။

ချူချန်ကလည်း စိတ်ရင်းအတိုင်းပြန်ပြောလာပါသည်။
“မပူနဲ့မပူနဲ့။ အဲ့ပန်းတွေအောက်ပြုတ်ကျသွားရင်တောင် ကိုယ်လုံးဝမထိဘူး”

ကျိချင်းကျိုးမှာ ဒေါသထွက်ထွက်ဖြင့် ချက်ချင်းဆွဲလိမ်တော့သည်။ချူချန်ကလည်း အခွင့်အရေးအရယူကာ လူကိုဆွဲဖက်လိုက်လေ၏။နှစ်ယောက်သား အကြာကြီး ဆွဲလားရမ်းလား ရန်ဖြစ်ကြပြီးနောက်တော့ ရယ်မောရင်းအဆုံးသတ်သွားကြသည်။တစ်ယောက်ကိုတစ်ယောက်လည်း ငပေါ်တွေလို့ ထင်မိသွားကြ၏။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now