(တရုတ်မှာက သူနဲ့သူမကို tā လို့ပဲသုံးပါ တယ်... ကျိုးကျိုးက ယင်းနျန်ရည်စားကို ကောင်မလေးထင်နေတာပါ။)

ယင်းနျန်ကပြုံးပြီး အပြင်က ရှူခင်းတွေအား ငေးကြည့်လျက် အသံတိုးတိုးလေးဖြင့်ရွတ်လာသည်။

“ဒါက ဘယ်သူနဲ့ပဲကြည့်ကြည့်အတူတူပဲမဟုတ်ဘူးလား။မရှိတာကမရှိတာပဲလေ။ဘယ်သူမှ ထာဝရ မစောင့်ပေးနေနိုင်ကြပါဘူး”

သူ့စကားတွေထဲက ဝမ်းနည်းမှုကို ကျိချင်းကျိုးပါ ခံစားနေရ၏။ယင်းနျန်တို့အတွဲက အဆင်မပြေကြပုံပင်။သူမြန်မြန်ပဲ စကားပြောင်းလိုက်သည်။

“ငါတို့လည်း ရသစုံရှိုး ထပ်ရိုက်ကြရဦးမယ်နော်”

“အင်းလေ။နောက်တစ်ပတ် ကြာသပတေးနေ့ရိုက်ရဦးမယ်”

“နှစ်ကုန်သွားပေမယ့် ငါကတော့ အပျင်းရောဂါပဲရလာတယ်။အဲ့နေ့ ရိုက်ကူးရေးလုပ်ရမှာ စိတ်ထဲကသိနေပေမယ့် နည်းနည်း ဝေဝေဝါးဝါးတွေ ခံစားနေရတုန်း”

“ဟုတ်တယ် ဟုတ်တယ်”

ယင်းနျန်ကပြောလာသည်။

“ဒီနှစ်သစ်ကို ရိုက်ကွင်းမှာ ရှိနေရတာ အရမ်းခက်ခဲတာပဲ။နားရပြန်တော့လည်း ရက်နည်းနည်းပဲအနားယူလိုက်ရသလို ခံစားနေရတယ်။တကယ်ပါ ရိုက်ကူးရေးပြန်စရတော့မယ်လည်းဆိုတော့ သေပါသေချင်လာတယ်”

“ဟင်းး! နားချိန်လေးရအောင် ပရိုဂရမ်အဖွဲ့က ဧည့်သည်သရုပ်ဆောင်တွေခေါ်ဖို့မျှော်လင့်နေမိပြီ”

“ဟားဟားဟားဟား”

သူစကားတွေကြောင့် ယင်းနျန်ကသဘောတကျရယ်မောလာခဲ့၏။

“ဒါဆို ငါလည်း လော့ယွီရှင်းနဲ့အသင်းမတူဖို့ ဆုတောင်းပါတယ်။တကယ်လို့ အသင်းတူရင်တောင် ဖန်ယောင်ရွှမ်းနဲ့သူနဲ့လို သူငယ်ချင်းမကျ ဘာမကျ ဆက်ဆံရေးကြီးမဖြစ်ပါရစေနဲ့ကွာ။လူကို နှိပ်စက်လွန်းတဲ့ဟာတွေ”

ကျိချင်းကျိုးလည်း မထိန်းနေတော့ပဲ လိုက်ရယ်လေသည်။ဟုတ်တယ် လူကို နှိပ်စက်လွန်းတဲ့ဟာ‌တွေ။

ယောက်ရှိုးယွမ်တစ်ယောက် မားမား အလိုကျ blind date တွေ့ဖို့လာချိန် ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြသောလူသားနှစ်ယောက် ပုံရိပ်အား ဖမ်းမိသွား၏။
အဝေးကလှမ်းကြည့်သော်ငြား သိပ်မသဲကွဲသဖြင့် စားပွဲနားရောက်တဲ့အထိ နီးနီးကပ်ကပ်သွားကြည့်တော့မှကျိချင်းကျိုးဆိုတာ အတည်ပြုနိုင်သွားသည်။ကျိချင်းကျိုး!! သူက ဘာလို့ ဒီမှာ ရှိနေရတာလဲ?!!

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now