My King 💞 {part 28}

Start from the beginning
                                    

"ဟုတ်ပါပြီဗျ"

မင်းသားက မချိုမချဉ်ရုပ်လုပ်နေတယ်

<ဒီလူက ဘာလဲဟ ရုပ်ကိုက...>

မင်းသားက စကားဆက်တယ်.....

"နန်းက နန်းတွင်းသူဆိုတော့ နန်းတွင်းကို အမြန်ဆုံးသွားဖို့လမ်းကိုညွှန်ပြပေးနိုင်မလား"

"ဟိုးမှာရှိတဲ့ အပင်ကိုမြင်လား"

နန်းက တပင်ထဲထီးထီးမြင့်နေတဲ့ အပင်ကို

လက်ညိုးထိုးပြလိုက်တယ်

"ဟုတ်"

"အင်း..အဲ့အပက်ဘေးမှာ လမ်းရေးရေးလေးရှိတယ် တော်ရုံလူမသိဘူး အာ့လမ်းကသွားရင် နန်းတော်ရှေ့ပေါက်ကို အမြန်ရောက်လိမ့်မယ်"

"ကျေးဇူးပဲဗျာ ဒါနဲ့ ဒီသရက်ပင်ကစောစောသီးတယ်နော် ကျနော်တို့ပြည်မှာတောင်
အဖူးမလိုက်သေးဘူး"

"ဟုတ်တယ် အာ့ကြောင့်လာစားနေတာပေါ့
ကဲ မအားဘူးပြန်တော့မယ်.."

ဆိုပြီး မြင်းဆီထွက်သွားတယ်..

"နေပါအုံး နန်းကိုနောက်တခါတွေ့ချင်ရင်
ဘယ်လိုလုပ်ရမလဲ..?"

"အပတ်တိုင်းရဲ့ ဒီနေ့ ဒီလိုအချိန်မှာ ဒီနေရာကိုလာတတ်တယ်"

နန်းဆိုတဲ့ ကောင်မလေးက ပြောရင်းနဲ့

မြင်းကိုစီးကာ ထွက်ခွာသွားတယ်

မင်းသားနားကို ကိုယ်ရံတော်ကကပ်လာပြီး

"မင်းသား အနားယူအုံးမှာလား..?"

"အနားယူစရာလိုသေးလားကွာ မိန်းမလှပြည်က ကောင်မလေးတွေအလှက ရေမသောက်ပဲအမောပြေနိုင်တယ်ဆိုတာ တကယ်ပဲကိုး"

"ဟူး ...အရူးရောဂါက ထလာပြန်ပြီ"

ကိုယ်ရံတော်က တီးတိုးစွာရေရွတ်လိုက်တယ်

"မင်းငါ့ကိုပြောမနေနဲ့ ငါအကုန်ကြားတယ်နော် မင်းကဘယ်သိမလဲ ငါ့လိုမိန်းမတွေကိုစိတ်ဝင်စားတဲ့လူမှမဟုတ်တာ"

မင်းသားကပြောရင်း သရက်ပင်အောက်

ဝင်သွားတယ် ကိုယ်ရံတော် ဟန်မင်း က

ကြောင်ပြီး ကျန်နေခဲ့တယ်

မင်းသားကအပင်ပေါ်တက်ပြီး သရက်သီးခူး

My King 💞Where stories live. Discover now