ကင်မ်ထယ်ယောင်းရေမိုးမချိုးခင်မနက်မိုးလင်း
ဆီးဦးကိုယူကာ Testလုပ်လိုက်တယ်။လတစ်လ
ရဲ့အပတ်တိုင်းMonday မှာသူမပျက်မကွက်Test
လုပ်နေကျ။ဟိုစစ်နေကျအပတ်တွေနဲ့မတူ
ဒီတစ်ခါပေါ်လာသည်ကအနီရောင်မျဥ်းနှစ်ကြောင်း။ထိုအချက်ပြသကေင်္တလေးကြောင့်
သူ့ဗိုက်ထဲသက်ရှိအစိုင်အခဲလေးတစ်ခုရောက်နေပြီဖြစ်ကြောင်းသိရှိလိုက်သောအခါခံစားလိုက်ရသည့်​ဝမ်းသာပီတိကဘာနဲ့မှမတူ။အသိမဲ့စွာပင်ပန်းရောင်ခြေဖဝါးလေးတွေကအိမ်ရှေ့အိပ်ယာထက်အိပ်ပျော်နေသူဆီအပြေးအလွှား။

လူပ်နိူးပြီး​ပြောလိုက်ရမလာ

သူတို့ရဲ့ရင်သွေးလေးလေ။

နောက်ပြီးမောင်နဲ့သူ့ရဲ့ချည်နှောင်မူ့ကနေရတဲ့
ဆုလာဘ်၊အရင်းအမြစ်သွေးသားလေး။

သို့သော်...အိပ်ယာထက်မှာအိပ်ပျော်နေသူကို
ကြည့်ရင်းလက်ရှိအနေအထားကိုသတိလည်လာမိသလို။သူဂျောင်ကုကိုဖွင့်ပြောရမည်လား။ဒါမှမဟုတ်ဒီအတိုင်းရေငုံနူတ်ဆိတ်နေရမည်လား။ဝေခွဲရခက်စွာသက်ပြင်းတွေသာအကြိမ်ကြိမ်ချနေမိ၏။

Urine testလေးအားလက်နောက်ပြန်ဖွက်ကာတုန်တုန်ချိချိ။ဗိုက်ထဲက ကလေးလေးကိုလည်းဟိုဖက်မိသားစုက သူ တို့နဲ့ပတ်သတ်ပါတယ်ဆိုပြီးလုယူသွားရင််ဘယ်လိုလုပ်မလဲ။မောင်...သူ့ဆီပြန်ရောက်နေတဲ့အချိန်မှာမှကလေးကတိုက်တိုက်ဆိုင်
ဆိုင်သူရှိနေကြောင်းအချက်ပြလာရတယ်လို့။

ကြည့်ရတာဗိုက်ထဲကကောင်လေးက...အဖေချစ်
မဲ့ပုံ။

ထယ်ယောင်း...အမူးသမား၏ဆံပင်တွေကိုထိုး
ဖွလိုက်တယ်။ထိုနောက်တိုးညှင်းသောလေသံ
လေးဖြင့်သာ...

"ဗိုက်ထဲမှာမောင့်ရဲ့ကလေးလေးရှိနေပြီသိလား။
ယောင်းဘယ်တော့မှမောင့်သွေးသားကိုကိုယ်ဝန်
ဆောင်ရလိမ့်မယ်လို့မတွေးခဲဖူးဘူး။နောက်ပြီး..
မောင့်ရောမောင့်မိသားစုအသိုင်းအဝိုင်းကိုပါယောင်းကြောက်တယ်။ယောင်းကိုယ်တိုင်ကလည်း
မိသားစုတွေမကြည်ဖြူပဲမွေးလာခဲ့တဲ့ကလေးပါ။
ကလေးကိုတော့အဲ့လိုထပ်ဖြစ်မခံဘူး...."

ထယ်ယောင်း ထိုUrine Testလေးအားအမိူက်ပုံ
ထဲသို့လွှင့်ပစ်လိုက်၏။သူတစ်ကယ်ကိုရူးနေပြီ
ပဲ။ဂျောင်ကုအားပြောပြပြီးမိသားစုဘဝလေးကို
တည်ဆောက်ချင်တယ်။ဂျောင်ကုကိုယ်တိုင်မွေး
လာတဲ့ကလေးလေးပေါ် မိဘတာဝန်ကျေစေချင်
တယ်။သူအရင်စဥ်းစားထားသည်က...ဂျောင်ကု
မရှိဘဲ သူတို့သားအဖနှစ်ယောက်လုံးတစ်သက်
လုံးပျော်ပျော်ရွှင်နေသွားကြမယ်လို့။ကလေးကို
သူတစ်ယောက်တည်းအရွယ်ရအောင်ပြုစုပျိုးထောင်ပေးချင်တယ်။သံယောဇဥ်အစစ်အမှန်
တွယ်စရာမရှိတဲ့သူ့ဘဝမှာကလေးလေးကသာသူ့
အတွက်နားခိုငြိမ်းချမ်းရာလေးဖြစ်ပေလိမ့်မည်။
အခု...ဂျွန်ဂျောင်ကု အနားကိုလည်းပြန်ရောက်လာ
ရော၊အတ္တနည်းနည်းပိုကြီးလာသည်။ကလေး
ဘေးနားမှာနေပြီးသူနဲ့အတူထိန်းကျောင်းပံပို့ပေး
စေချင်တာ။

Alpha Daddy(Completed) Where stories live. Discover now