တစ်ဆက်တည်း ပါသည့်ပုံလေးက သူတို့ အတူတူတွဲရိုက်ထားသည့် ဆယ်ဖီပုံလေးဖြစ်သည်။

ကျိချင်းကျိုး အံ့ဩသွားတာထက်ပိုပြီး ဖြတ်လျှောက်တွေက အလွန်အံ့ဩနေကြသည်။
လျန်ကျင်းရှင်က ကျိချင်းကျိုးဘက်က ပြောပေးနေတာလား။

[ကျိချင်းကျိုး hot search ပေါ်ထပ်ရောက်နေပြန်ပြီ!!!! လျန်ကျင်းရှင်ရဲ့ Weibo ကိုနှိပ်ကြည့်လိုက်ကြ!]

မကြာမီပင် လူတိုင်းထိုကိစ္စကို ဟစ်တိုင်မှာတင်ကြတော့သည်။

ဖရဲသီးစားနေသည့် ဖြတ်လျှောက်ကလည်း တအံ့တဩဆိုလာသည်။

[လျန်ကျင်ရှင်ကWeiboမှာ postတင်တယ်?သူက ပွဲတော်နေ့တွေတိုင်းပဲ post တင်နေကျမဟုတ်ဘူးလား?]

[ထောက်ခံပေးတာဖြစ်မယ်]

တစ်စုံတစ်ယောက်က ဝင်ပြောလာသည်။

[(ပုံ) လျန်ကျင်းရှင်ရဲ့ Weiboမှာတင်ထားတာ။လူတိုင်းကြည့်ဖို့ screenshot ယူလာတယ်။ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူးနော်။လူတိုင်းရဲ့ အစေခံလို့ပဲခေါ်ကြပါ။]

[ချီး! အပေ့ါ်ထပ်ရဲ့ screenshotကိုဖတ်ပြီးနောက်....လျန်ကျင်းရှင်က ကျိချင်းကျိုးအတွက် ပြောပေးထားတာလားဟ]

[ပုံမတင်တာ နှစ်ပေါင်းရှစ်ရာကျော်နေပြီဖြစ်တဲ့ လျန်ကျင်းရှင်လို ကြော်ငြာ ဘလော့ဂါကြီးက ကျိချင်းကျိုးရဲ့ ဆယ်ဖီကိုယူပြီး သူတို့နှစ်ယောက်ပုံကို တင်လာပေးတည်းက ငါထင်နေပါပြီ။ကြည့်ရတာ သူနဲ့ကျိချင်းကျိုးက တကယ်တကယ်ရင်းနှီးကြပုံပဲနော်]

[လော့ယွီရှင်း တစ်ခြားသူတွေလောက်မတော်တာတော့ အမှန်ပဲ။လော့ယွီရှင်းရဲ့ဖန်တွေကသာ ကျိချင်းကျိုး ဇာတ်ညွှန်းဖတ်ထားတယ်ဆိုပြီး ပုတ်ခတ်ပြောနေကြတာ။ကျိချင်းကျိုးက လူသစ်လေးဆိုတော့ ပရိတ်သတ်လည်း နည်းနည်းလေးပဲရှိတယ်ဆိုပြီး ဒီလိုမျိုး ပုတ်ခတ်ပြောရဲနေကြတာ။]

ထိုစကားတွေကြောင့် လော့ယွီရှင်းရဲ့ပရိတ်သတ်တွေက ချက်ချင်း ဖြတ်လျှောက်တွေလိုဟန်ဆောင်လာကြသည်။

[လျန်ကျင်းရှင်ကတကယ့်သနားစရာ။ကျိချင်းကျိုးကြောင့် ထိခိုက်ရသူဖြစ်တဲ့အပြင် သူ့အတွက်ပါထွက်ပြောပေးနေရပြီ။သနားစရာပဲ။တကယ့်ကို သနားဖို့ကောင်းလွန်းတယ်]

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now