Valentine Special

Start from the beginning
                                    

သူတို့​ကျောင်းယူနီ​ဖောင်းရှပ်အဖြူ၊ စတိုင်ပန်နက်ပြာနှင့်တစ်​​နေကုန်​ကျောင်းတက်ခဲ့ရမယ့်လူက ပင်ပန်းနွမ်းနယ်​နေဟန်လည်းမရှိ။ ကျွန်​​တော့်ကိုမြင်​တော့ ပိုပြီးဝင်းပလန်းဆန်းသွားတဲ့မျက်နှာ​လေး​ကြောင့် ရင်ထဲကအပူလှိုင်း​တွေပင်ငြိမ်းသွားသလို။

"ဘယ်လိုဖြစ်တာလဲ။ ကျူတိုရီရယ်​တွေရှိတယ်မလား"

"မြန်မြန်​ဖြေပြီးလာလိုက်တာ။ အစ်ကို့ကို ကြိုချင်လို့"

ကျူတိုရီရယ်​တွေပြည့်​နေတဲ့သူ့ကို လာမကြို​​စေချင်လို့မှ တက္ကစီနဲ့သွားဖို့ကြံစည်ထားတာက မ​အောင်မြင်​တော့။ အသင့်ဖွင့်​ပေးထားတဲ့ကား​ပေါ်တက်လိုက်​တော့ အဲယားကွန်း​လေကလည်းသိပ်မပြင်း။ လက်ထဲ​ရောက်လာတာက Pocari Sweat ဘူး​အေး​အေး​လေး။

"အစ်ကိုဗိုက်ဆာလား။ ရုပ်ရှင်ချိန်ကလို​သေးတယ်။ တစ်ခုခုစားမလား"

"ကြက်​ကြော်စားချင်တယ်"

"ဒါဆို ဂမုန်းပွင့်ကိုပဲတန်းသွားလိုက်မယ်။ အဲ့မှာ Lotteria ရှိတယ်​နော်"

"ဟုတ်ကဲ့ပါဗျ"

ရယ်သံဖွဖွနှင့်အတူ ပါးပြင်ထဲနစ်ဝင်လာသည့်အနမ်းက ရွှတ်ခနဲ။

အချစ်များ​နေ့ဖြစ်လို့ပဲလား လမ်းတ​လျှောက်မြင်မြင်ရသမျှ တူနှစ်ကိုယ်ယှဥ်တွဲသွားလာ​နေကြသူတို့ထံမှာ ​နွေး​ထွေးစွာကြင်နာပို​နေကြသလိုပင်။ ကျွန်​တော်ကိုယ်တိုင်​တောင် ကား​မောင်း​နေသူရဲ့​ဘေးတစ်​စောင်းဟန်ပန်အ​နေအထားကိုကြည့်ရင်း အရင်ထက်ပိုပြီး ရင်ခုန်မြန်​နေသလိုလို။

"ဘာဂါ​ရော။ အစ်ကိုကြိုက်တဲ့ကြက်သားလုံး​လေး​တွေပါ ယူလိုက်မယ်​လေ"

"​တော်ပြီ။ ကြက်​ကြော်ပဲစားမယ်။ ရုပ်ရှင်ကြည့်ပြီးရင် ​​ဟော့​ပေါ့စားချင်​သေးတာ"

ချစ်သူများ​နေ့ရဲ့ည​နေခင်းဖြစ်လို့ Lotteria မှာ ထိုင်ခုံအ​တော်များများပြည့်ကြပ်​နေသည်။ ​လေး​ထောင့်စားပွဲ​သေး​သေး​လေးမှာ နှစ်​ယောက်သားတိုးကပ်ထိုင်ပြီး ကြက်​ကြော်ဖြင့်အဆာ​ပြေဗိုက်ဖြည့်လိုက်သည်။ Cineplex ရှိသည့်အ​ပေါ်ထပ်ကို​ရောက်​တော့ပဲ Entrance က ဖွင့်ထားပြီးဖြစ်သည်။ ကြက်​ကြော်စားလာ​ပေမယ့် ကိုလာနှစ်ခွက်နဲ့​ပေါက်​ပေါက်ဘူး ​ပြေးဝယ်တဲ့ကျွန်​တော့်ကို ခပ်ပြုံးပြုံးကြည့်​နေသူက အရာရာအလိုလိုက်​ပေး​နေတဲ့အစ်ကိုကြီးစတိုင်ဖြင့်။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now