"ရောက်ရောက်ချင်းကြီးကားစမောင်းကြတော့မလို့လား"

ချူချန် လူကို ရင်ခွင်ထဲမှထုတ်၍ ထိုင်ခုံခါးပတ်အားတင်းတင်းပတ်ပေးလိုက်သည်။

"အဲ့တာတွေကနောက်မှလာမယ်။အခုက တကယ့်ကားအစစ်မောင်းတော့မှာမို့ ငြိမ်ငြိမ်လေးထိုင်နေ"

ကျိချင်းကျိုးက ခေါင်းညိမ့်ကာ-

"အင်း သွားကြစို့"

တစ်ပတ်ကြာပြီးနောက်- 《48နာရီပြိုင်ပွဲ》ပထမပိုင်းအား သောကြာနေ့ည၈:၀၀မှာ တရားဝင်ထုတ်လွှင့်ပြသလာခဲ့သည်။ပြသနေစဉ်အတော်တွင်းမှာပဲ VIP အဖွဲ့ဝင်သမားတွေက အထူးအခွင့်အရေးနဲ့တစ်ပြိုင်တည်းကြည့်ရှူနိုင်၏။ကျိချင်းကျိုးက ဝေဖန်သူတွေသူ့ကိုဘာပြောကြမလဲ သိချင်သဖြင့် အဖွဲ့ဝင်ကဒ်လုပ်လိုက်၏။ထို့နောက် သစ်သီးတွေ၊သောက်စရာတွေ၊မုန့်တွေပြင်ဆင်ပြီး ကွန်ပျူတာကြီးရှေ့တည့်တည့်ချ၍ ကြည့်တော့သည်။

ချူချန်က ဒီလိုရသစုံရှိုးတွေ စိတ်မဝင်စားပေ။သူက ရှိုးပွဲတွေကြည့်ရတာထက် စာအုပ်ဖတ်ရတာကို ပိုသဘောကျသည်။သို့သော် အခုက ကျိချင်းကျိုး၏ပထမဆုံးရသစုံရှိုးပွဲဖြစ်သည်။သူ အရင်ကလည်း ကျိချင်းကျိုးနဲ့အတူတူ ရှိုးပွဲတွေမကြည့်ဖူးသဖြင့် ကျိချင်းကျိုး အနားမှာထိုင်ပြီး အတူတူကြည့်ကြလေသည်။

ပထမဆုံးအပိုင်းက အစမှာတင် လျှို့ဝှက်အခန်းထဲမှာ‌ဖြစ်သည်။ပရိုဂရမ်အဖွဲ့က နာမည်စာရင်း စတင် ဖွင့်ပြတာနဲ့ ကြည့်ရှူသူနှုန်းကလည်း တရိပ်ရိပ်တက်လာကာ စတင် ထင်မြင်ချက်ပေးလာကြတော့သည်။

[ပထမဆုံးအနေနဲ့ ကျွန်မက ဂုဏ်ရှိအဆင့်ရှိတဲ့ အဖွဲ့ဝင်တစ်ယောက်ပါ]

[ဘယ်သူကဂုဏ်မရှိနေလို့လဲ။ငါလည်း ဂုဏ်ရှိတဲ့ VIPပါဟ]

[ကိုယ့်ရဲ့ နံပါတ်တစ်သားကိုရှာနေပါတယ်]

[အားးးးးးးးး အစီအစဉ်ဒုတိယပိုင်းကို စောင့်ခဲ့ရတာတော့်တော့်ကိုကြာနေပြီ လျန်ကျင်းရှင်ရေ !!! တို့ရောက်လာပြီနော်!!!]

[အန်းယီကျဲကြိုးစားထား! ကျွန်တော့်ကျဲကျဲက အတော်ဆုံးပဲ!!!]

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now