ကျိချင်းကျိုးက အသံရှည်ဆွဲပြီး သူ့ကိုကြည့်လာ၏။

{မှန်းကြည့်လေဗျာ}

ကျိချင်းကျိုး ခန့်မှန်းခိုင်းမှတော့ သူသိတဲ့လူပဲဆိုတာ ချူချန်သဘောပေါက်သွားသည်။ရသစုံရှိုးမှာ ကျိချင်းကျိုးနဲ့ အတူတူရှိပြီး သူသိတဲ့လူဆိုလို့ တစ်ယောက်ပဲရှိတော့တယ်။

{လော့ယွီရှင်းလား}

ကျိချင်းကျိုးက ခေါင်းလေးယမ်းကာ-

{နီးစပ်တယ်}

{ဖန်ယောင်ရွှမ်း! ဖန်ယောင်ရွှမ်းကို မင်းမရိုက်ရဲဘူးဆို! မင်းတို့ရသစုံရှိုးကို ဖန်ယောင်ရွှမ်းရော လာတာလား}

ကျိချင်းကျိုးက လက်ဖျောက်တစ်ချက်တီးလိုက်၏။

{အမှန်ပဲ! သူ့ကိုရိုက်လိုက်တာ!}

ချူချန် အခု တကယ့်ကို ထိတ်လန့်နေပါ၏။

{သူ့ကို မရိုက်ရဲဘူးလို့ ပြောခဲ့တယ်မလား။ခုကျ ဘယ်လို ရိုက်ရဲသွားတာလဲ}

{အဲ့တာ  သူ့ဘက်က အရိုက်ခံဖို့အရင်ရောက်လာလို့။ကျွန်တော်နဲ့လည်း စကားနိုင်မလုနိုင်ရော လူကို ရိုက်ချင်နေတယ်လေ။သူမရိုက်ခင် ကျွန်တော် ရိုက်ပေးလိုက်တာ}

{သူက မင်းကိုရိုက်ချင်သေးတယ်ပေါ့။ အဲ့ကောင်ရူးနေတာလား။တကယ်လို့ မင်းမချနိုင်တော့ရင် အဲ့လူကို ရိုက်ခွဲပလိုက်ရမှာ}

{ဟုတ်ပ အဲ့ငါးဆားနူကောင်}

ကျိချင်းကျိုးက ဆူပွပွရွတ်နေသည်။ကြိမ်းမောင်းပြီးမှပဲ ခုနက ဖြစ်သွားတဲ့ကိစ္စအား ချူချန်ကို ပြန်ပြော‌ပြလေသည်။သူ စိတ်လှုပ်ရှားလွန်းလို့ ဖြစ်မည်ထင် ထိုကိစ္စတစ်ခုလုံးကို အစကနေအဆုံးထိ အခေါက်ခေါက် အခါခါပြန်ပြန်ပြောနေတော့သည်။

{ကျွန်တော် တကယ် နောင်တရမိတယ်}

ကျိချင်းကျိုးက ဝမ်းနည်တကြီးရေရွတ်နေ၏။

{အဲ့တုန်းက ခင်ဗျားဆီ video call ခေါ်ခဲ့ရမှာကို ဘာလို့ မတွေးမိခဲ့ပါလိမ့်။ voice callဆိုလည်း အဆင်ပြေတယ်။ခေါ်သာခေါ်ခဲ့မိရင် ခင်ဗျားလည်း ပြင်းထန်တဲ့ စစ်ပွဲအတွေ့ကြုံကို ခံစားလိုက်နိုင်မှာ}

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now