{စကားမှားတာတွေဘာတွေမဟုတ်တာသေချာရဲ့လား။ဟိုဘက်လူက မင်းကို ရိုက်သွားတာမဟုတ်ဘူးလား။ဟမ်}

ချူချန်က သံသယမျက်နှာကြီးဖြင့်မေးလာ၏။

ကျိချင်းကျိုး : .......

ရှူဂါးဒယ်ဒီကတော့ မိမိကို တကယ် အထင်သေးလွန်းနေပါပြီ!

{ကျွန်တော်လည်း ဒေါသထွက်တတ်တယ်ဗျ။ အိုကေလား }

{ဟုတ်ပါပြီကွာ။သူက မတ်တပ်ရပ်နေပြီး မင်းဆီကအရိုက်ခံတာမလား }

ချူချန်မှာပြောရင်း သတိဝင်လာသည်။

{ မင်းအဆင်ပြေရဲ့လား။မင်း သူ့ကိုရိုက်လိုက်တော့ သူက ပြန်မရိုက်ဘဲနေပါ့မလားကွ။အခု ထရပ်ပြီး အင်္ကျီတွေအကုန်ချွတ်လိုက်။ကိုယ်ကြည့်ကြည့်မယ် }

ကျိချင်းကျိုး : ? ? ? ! ! ! !

{ခင်ဗျား အဲ့လောက်တောင် ရမ်းကားနေပြီပေါ့! ကျွန်တော့်အဝတ်ချွတ်တာတောင်ကြည့်ချင်နေသေးတယ်!!!}

ချူချန် စကားမဆိုနိုင်တော့ချေ။

{ကိုယ်က...ကိုယ်က မင်း ဒဏ်ရာရမရ ကြည့်ချင်ရုံပါကွာ}

{ရမနေဘူး}

ကျိချင်းကျိုး ပြန်ပြောလိုက်သည်။

{ကျွန်တော်က ငတုံးမဟုတ်ဘူးလေ။သူ့ကိုမရိုက်နိုင်တာ သိတာနဲ့ ‌ဟိုတယ်အခန်းပိုထဲ ချက်ချင်းပြေးဝင်ပြီး အိပ်ခန်းထဲရောက်တာနဲ့ တံခါးကို လော့ချပလိုက်တာ။အဲ့တော့ သူရိုက်ချင်တောင် ရိုက်လို့မရဘူး}

{ပါးနပ်တာပေါ့ကွာ}

ကျိချင်းကျိုးရယ်လိုက်ကာ-

{ကျွန်တော်လည်း အဲ့လိုထင်ပါ့}

{နေပါဦး...မင်းတို့ငတိတွေရန်ဖြစ်ကြတာ မင်းအခန်းထဲမှာလား။}

ဒါတော့ နည်းနည်းဆန်းသွားပြီ။

{ဘာတွေဖြစ်သွားတာလဲ။အဲ့ကောင်တွေက ဘာလို့မင်းအခန်းထိ လိုက်ရိုက်တာလဲ။မင်း ဘယ်သူနဲ့ရန်ဖြစ်တာလဲ}

{ရန်မဖြစ်ခဲ့ပါဘူး။ကျွန်တော်ကပဲ ဆော်လိုက်တာ။ဘယ်သူနဲ့လဲဆိုတာကတော့..........}

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now