ဘာဆက်လုပ်ရမှန်းမသိတော့တာကြောင့် အားကုန်သွားတဲ့ ဖုန်းကို အိတ်ထဲပြန်ထည့်ပြီး မှတ်တိုင်က ခုံမှာပဲ ထိုင်ချမိတော့သည်။ တဖြည်းဖြည်း မှောင်လာတာနဲ့အမျှ မိုးကလည်း ပိုသည်းလာသည်။ ဘေးပတ်ဝန်းကျင်မှာ လမ်းမီးတွေလင်းနေတာကြောင့် မှောင်မည်းမနေသော်လည်း တစ်ယောက်တည်းဆိုတဲ့ အသိက လွမ်းကို စိတ်ခြောက်ခြားစေသည်။ ရွာနေတဲ့မိုးမှာ လေလည်းပါတာကြောင့် မလုံတလုံ မှတ်တိုင်အမိုးက လွမ်းကိုလည်း မိုးရေဒဏ်ကနေ လုံခြုံအောင် ကာကွယ်မပေးနိုင်ရှာ။ မိုးပတ်ခံနေရတဲ့ လွမ်းမှာ တစ်ကိုယ်လုံးစိုရွဲနေပေမဲ့ ဘယ်သွားပြီး ဘာလုပ်ရမှန်းလည်း မသိတာကြောင့် ကိုယ့်ခြေထောက်ကို ငုံ့ကြည့်ပြီးသာ ပေတေပြီး ဆက်ထိုင်နေမိတော့သည်။

လမ်းပေါ်မှာ ကားတွေ တစ်စီးပြီး တစ်စီး ခပ်ကျဲကျဲဖြတ်သွားနေပေမဲ့ စိတ်ပျက်လက်ပျက် ထိုင်နေမိတဲ့ လွမ်းကတော့ တစ်ချက်လေးတောင် မော့ကြည့်ဖို့ စိတ်ကူးမရှိခဲ့။ သို့သော်လည်း ပြင်းထန်စွာရွာသွန်းနေတဲ့ မိုးသံကြားမှာ သူ့ဆီလှမ်းလာနေတဲ့ ခြေသံတစ်စုံကတော့ သတိထားမိလိုက်သည်။ မှောင်မည်းစိုစွတ်ပြီး စိတ်ပျက်နေတဲ့အချိန်မှာ လွမ်းဟာ သူရဲ့ မိုက်မဲလွန်းလှတဲ့ မျှော်လင့်ချက်ကလေးကိုတော့ သိုဝှက်မထားနိုင်ခဲ့ဘူး။ သူမော့ကြည့်လိုက်တဲ့ အခိုက်အတန့်မှာပဲ မဖြစ်နိုင်လောက်ပါဘူးလို့ထင်ခဲ့တဲ့ သူ့မျှော်လင့်ချက်ကလေးဟာ ရုတ်တရက်ဆန်စွာ သူ့ကို အနွေးဓာတ်ပေးဖို့ ကြိုးစားနေရှာသည်။

"သူဌေး...ဘယ်လိုဖြစ်ပြီး"

သူ့ရှေ့ကလူကို မယုံနိုင်စွာငေးမောရင်းထရပ်လိုက်သည်။ ထရပ်ရပ်ချင်းပဲ အချိန်ကြာမြင့်စွာမလှုပ်ရှားဘဲ ထိုင်နေခဲ့မိတဲ့ ခြေထောက်တွေက ယိုင်နဲ့သွားတာကြောင့် ရှေ့ကလူကိုပဲ အားပြုလိုက်ရသည်။ မိုးဒဏ်ကြောင့် တစ်ကိုယ်လုံးက စိုရွဲအေးစက်နေပေမဲ့ နှလုံးသာကတော့ ထူးခြားစွာ နွေးထွေးလို့နေ၏။

"ဆောရီး.. ကျွန်တော် ခြေထောက်ကျဉ်နေလို့"

ထိုသူက လွမ်းကို ထိန်းမတ်ထားပေးရာမှ ခပ်တင်းတင်းပွေ့ဖက်လိုက်ပြီး

Passionate LOVE (Complete)Tahanan ng mga kuwento. Tumuklas ngayon