"သိတာတော့ သိပါတယ်။ဒါပေမယ့် သာမန်သူငယ်ချင်းပါပဲ။သိပ်မရင်းနှီးဘူး"

မထင်မှတ်ထားစွာ လော့ယွီရှင်းက ကယ်တင်ရှင်တွေ့တဲ့ပုံစံနဲ့ အလျင်စလိုပြောလာသည်။

"အချင်းချင်းသိတော့ ကောင်းတာပေါ့။ယောင်ရွှမ်း။အဲ့ရသစုံရှိုးကို ငါနဲ့လိုက်ခဲ့ပါနော်။ငါတို့ကို ကူညှိနှိုင်းပေးရုံပါပဲ။သူကိုအမြဲတမ်း ငါ့ပေါ် ပစ်မှတ်မထားစေချင်ဘူး။ငါတို့လည်း သူငယ်ချင်းဖြစ်နိုင်မလားလို့ပါ"

ဖန်းယောင်ရွှမ်းဘက်က လော့ယွီရှင်းကို ငြင်းတယ်ဆိုတာ ရှားရှားပါးပါး။ထို့ကြောင့် သူ့စိတ်ထဲ ကယောက်ကယက်ဖြစ်နေ‌သည့်တိုင် သဘောတူလိုက်ဆဲပင်။ဘာဖြစ်ဖြစ်...သူတို့မတွေ့ရတာကြာပြီဆိုတော့ ကျိချင်းကျိုးကို တွေ့ဖို့ အချိန်ကောင်းပဲဟု ဖန်ယောင်ရွှမ်းတွေးလိုက်မိသည်။

လူရွေးတဲ့ကိစ္စက အမြန်ပင်ပြီးစီသွားသည်။ခဏတွင်း အဖွဲ့ခွဲပြီးသွား၏။ဖန်ယောင်ရွှမ်းက မုန့်ယွမ်ပိုင်ကို မရွေးခဲ့သောကြောင့် လျန်ကျင်းရှင်က ရွေးလိုက်သည်။ထိုအိမ်ရှင်အနုပညာရှင်တွေကြားမှ ကျိချင်းကျိုးနဲ့ မုန့်ယွမ်ပိုင်အပြင် ပေ့ဝမ်ယောင်ကိုလည်း လျန်ကျင်းရှင်က ရွေးလိုက်သည်။

ဂိမ်းမစခင်လေး လူတိုင်းက ရှိုးမှာ ပေါင်းထည့်ထားသည့် ရယ်စရာလေးတွေအတိုင်းပဲ စနောက်ကြသည်။လော့ယွီရှင်းက ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်ယောင်ရွှမ်းကို စလိုက်သည်။

"ယောင်ရွှမ်း‌ရာ ချင်းကျိုးအသက်ငယ်တာပဲမကြည့်နဲ့။သူက ငါတို့ထဲမှာ အတော်ဆုံး ဘာမဆိုလုပ်တတ်တာကွ"

ဖန်ယောင်ရွှမ်းက အံ့အားသင့်စွာမေးလာသည်။

"တကယ်လား"

"မဟုတ်ဘူး။မှားနေတာ"

ကျိချင်းကျိုးသည် ထိုအပိုင်းကြောင့် ထုတ်လွှင့်ပြသတာနဲ့တစ်ခြားသူတွေ သူ့ကို စိတ်ကြီးဝင်နေတဲ့သူဆိုပြီး လှောင်ရယ်ကြမှာ မလိုချင်ပေ။

"အဲ့လောက်အများကြီး မသိပါဘူး။လျန်ကောကသာ အတော်ဆုံးပဲ"

ဖန်ယောင်ရွှမ်းက ထိုစကားကြောင့် လျန်ကျင်းရှင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အဖက်မတန်သလိုပြုံးလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now