အခန်း ၄.၁

Start from the beginning
                                    

"သေစမ်း!" 

ချီဇယ်က လက်သီးကို ​ဆုပ်လိုက်ပြီး ဖုန်းယန်ရဲ့ မျက်နှာကို ချိန်ရွယ်ကာ ထိုးလိုက်သည်။ မထင်မှတ်ပဲ အရင်တုန်းက သူ့ဆီကနေ မြန်မြန်ဆန်ဆန် မလွတ်နိုင်ခဲ့တဲ့ဒီလူက အခု သူ့လက်သီးတွေကို အလွယ်တကူဖမ်းနိုင်နေပြီ။

 ဖုန်းယန်က ချီဇယ်ကို ကျိုးနေတဲ့ထိုင်ခုံဆီသို့ ရုတ်တရက် ပြန်ထိုင်ချရန် အတင်းအကျပ် တွန်းအားပေးဖို့ အားတဝက်သာ သုံးခဲ့သည်။ထိုင်ခုံက ခြေထောက်တစ်ဖက် မရှိတော့သဖြင့် ရယ်စရာကောင်းနေခဲ့သည်။ သို့သော် ပိုရယ်စရာကောင်းတာက ချီဇယ်ရဲ့ အလေးချိန် အောက်တွင်...

ဂျွတ်!

ထိုင်ခုံက လုံးဝကျိုးသွားပြီး ထိုင်ခုံအကျိုးအပိုင်းအစတွေ ဝန်းရံရင်း ချီဇယ်က မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်: မနီးမဝေးတွင် ထိုင်နေ၊ ရပ်နေကြတဲ့ ကျောင်းသားတွေက သူ့ခေါင်းထိပ်လေးကိုသာ မြင်နိုင်တော့သည်။

"ဖွီးးး!" 

ကျောင်းသားအချို့က မထိန်းနိုင်ဘဲ ရယ်ကြတော့သည်။ 

"နင့်အမေကြီးကိုရယ်နေတာလား!" 

ချီဇယ်က ရှက်ကိုးရှက်ကန်း ထရပ်လိုက်ပြီး အတန်းဖော်တွေရဲ့ ရယ်သံကိုကြားတော့ သူ့မျက်နှာက စိမ်းလိုက်၊ နီလိုက် ဖြစ်နေခဲ့သည်။ သူက အော်လိုက်သည်။ 

"အကုန်ပါးစပ်ပိတ်ထားကြစမ်း! ဖုန်းယန် ဟမ့်! မင်းသတ္တိရှိရင် ကျောင်းဆင်းတဲ့အထိ စောင့်နေလိုက်!"

"ဟုတ်တယ် ဖုန်းယန်။ ပြေးဖို့မစဥ်းစားနဲ့" 

ချီဇယ်ရဲ့ထိုင်ခုံဖော်နှင့် ရာဇဝတ်မှုလုပ်ဖော် ဖြစ်သူ ကျန်းချင်ကျဲက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ 

"မင်းတစ်ခုခုစပြီးမှတော့ ကံဆိုးမယ့်သူက မင်းပဲဖြစ်လိမ့်မယ်"

"ငါ မင်းကို စကားပြောခွင့်ပေးသေးလို့လား။ မင်းရဲ့သခင်တောင် စကားတစ်ခွန်းမှ မပြောသေးဘူး။ မင်းက ဘာအတွက် လာဟောင်နေတာလဲ။ ပြီးတော့ အတန်းပြီးတဲ့အထိ စောင့်ဖို့ ဘယ်သူက အားယားနေလို့လဲ။ အခု အပြင်ထွက်ရအောင် မြန်မြန်လုပ်! အခုမှ နောက်ဆုတ်မနေနဲ့" 

ကောင်းကင်ဘုံချစ်ဇနီးWhere stories live. Discover now