အပိုင်း(၁၉)

Começar do início
                                    

'လီနာကတော်တော်မောက်မာတာဘဲ။ဒါပေမယ့်လဲသူ့မှာမောက်မာနိုင်တဲ့အရည်အချင်းရှိတာကိုး။သူကsunမိသားစုကမြေးလေ။ပြီးတော့ပေကျင်းတက္ကသိုလ်မှာလဲထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်ပြီး မာစတာဒီဂရီကိုယူထားတာ။ကျစ် ကျစ် ကျစ်...မညိုလွန်းမဖြူလွန်းတဲ့အသားအရေရယ်၊ရုပ်လေးကလဲလှဆိုတော့ အကုန်လုံးလိုလေသေးမရှိပြည့်စုံနေတဲ့မိန်းကလေးပေါ့။

*အိုး...ဒီလိုကိုး' မော့လင်ရှီးလဲအခုမှဘဲသ
ဘောပေါက်သွားတော့တယ်။ဒါပေမယ့်လီနာကသူမကိုဘာလို့သဘောမကျတာလဲဆိုတာကိုတော့ နားမလည်နိုင်သေးဘူး။

မဏာမစီစစ်ပြီးထွက်လာတဲ့အဖြေကနောက်တစ်နေ့မှာကြေငြာပေးလာတယ်။အံ့ဩဖွယ်ရာမရှိဘဲမော့လင်ရှီးကနံပါတ်တစ်ရသွားတယ်။မော့လင်ရှီးအရွေးခံရတော့ သူမတို့အဖွဲ့ကပါအော်တိုမစ်တစ်အရွေးခံရတယ်။ဒီတစ်လလုံးမှာသူမတို့မင်္ဂလာဝတ်စုံနှစ်စုံကိုဒီဇိုင်းဆွဲကြရမယ်။သူမတို့မှာလုပ်ရမယ့်အလုပ်တွေအများကြီးဘဲရှိတယ်။ဒီဇိုင်းကိုစဉ်းစားရမယ်။ဘာပိတ်စအမျိုးအစားကိုသုံးမလဲဆိုတာကိုစဉ်းစားရမယ်။ဒီဇိုင်နာကိုယ်တိုင်ချုပ်ကြမှာလား လူငှားပြီးချုပ်ကြမှာလားဆိုတာကိုစဉ်းစားရမယ်။အားလုံးကိုသေသေချာချာစဉ်းစားဖို့လိုတယ်။

အဲ့ဒီအချိန်မှာ သူမဆီကိုသူမရဲ့အေးဂျင့်အယ်လန်ကဆက်သွယ်လာတယ။သူတို့အဆက်အသွယ်မရှိတာတစ်လလောက်ရှိသွားပြီ။

'ရှောင်မော့ ညီမကိုအမသတင်းကောင်းပြောစရာရှိတယ်'

'ဘာများလဲ?'

'ညီမပိုင်ရှားပြပွဲကိုသိလား?သူတို့ကလာမယ့်မင်္ဂလာဝတ်စုံပြပွဲမှာညီမကိုဒိုင်အနေနဲ့ဖိတ်ချင်လို့တဲ့။ဒါသတင်းကောင်းလို့ပြောလို့ရတယ်။ညီမကမျက်နှာထွက်ပြဖို့ကိုအမြဲငြင်းနေခဲ့တော့ ဒီတစ်ကြိမ်တော့စဉ်းစားကြည့်ပေးပါလား' အယ်လန်အကြံပေးလိုက်တယ်။

မော့လင်ရှီးလဲသူမကဘယ်လိုလုပ်ပြီးဒိုင်လုပ်ဖို့အရည်အချင်းပြည့်မှီသွားလဲဆိုတာကိုစဉ်းစားမရတော့: 'ညီမကိုဘာလို့ရွေးလိုက်တာလဲ?'

'ညီမရဲ့ကောင်းကင်ကြယ်စီးရီးဝတ်စုံတွေကြောင့်လေ။ဝတ်စုံတစ်စုံဆီကနေခံစားချက်တစ်မျိုးကိုခံစားရစေတယ်လေ။အဲ့ဒါကြောင့်ညီမကိုအရည်အချင်းပြည့်မှီတယ်လို့သတ်မှတ်လိုက်တာနေမှာပေါ့။ဒိုင်အားလုံးပေါင်း၁၂ယောက်ပါမယ်။ညီမအပါအဝင်အလုံးကဒီနယ်ပယ်မှာရပ်တည်နေတဲ့လူတွေချည်းဘဲ။တစ်ချို့ကကျတော့ညီမလိုဘဲဝတ်စုံအနည်းငယ်ဘဲဖန်တီးရသေးတယ်'

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Onde histórias criam vida. Descubra agora