{59}

5.2K 865 17
                                    

Unicode

"အဲ့လိုဖြစ်မှာမဟုတ်ဘူး"

ကျိချင်းကျိုးကပြန်ခံပက်လာသည်။

"ကျွန်တော် မိန်းကလေးမကြိုက်ဘူး။ယောင်္ကျားလေးပဲကြိုက်တာ။ဒါကြောင့် အဲ့လိုကိစ္စတွေမဖြစ်နိုင်ဘူး"

ချူချန်က နားထောင်နေပြီး စကားမဆိုပေ။

ကျိချင်းကျိုးက သူတို့  မတွေ့ကြတာလည်း ကြာပြီဖြစ်၍ တကယ်ကို အတော်လေးလွမ်းနေခဲ့မိသည်။။အခုသူကိုတွေ့လိုက်ချိန် မထိန်းချုပ်တော့ဘဲ မိမိဘက်က အရင်ပွေ့ဖက်ချင်လာသည်။သို့သော် ချူချန်က အဲ့လို လုပ်ခွင့်မပေး၍ သူလုံးဝ မလှုပ်ခဲ့တာပင်။
ချူချန်ရဲ့ ပွင့်လင်းမှုတွေနဲ့ သူကျင့်သားရနေလို့ဖြစ်မည်။သူ့ကိုယ်သူ အများကြီး မထိန်းချုပ်တော့ဘဲ ပွင့်ပွင့်လင်းလင်းတောင်းဆိုလိုက်မိ၏။

"ဒယ်ဒီ ဒါဆို ကျွန်တော်က အမှားသိပြီး အမှန်ပြင်တတ်ရင် အလေ့အကျင့်ကောင်းတစ်ခုပေါ့နော်"

ချူချန်က မသင်္ကာသလို ကြည့်လာသည်။

"မင်းလုပ်တဲ့အမှားပေါ် မူတည်သေးတယ်လေ"

"အမှားလေးတစ်ခုကိုများ"

"ဥပမာ?"

"ဥပမာ…ဒယ်ဒီ ခုနကပြောသွားတာကို ကျွန်တော် ခံမငြင်းခဲ့သင့်ဘူး "

"အို့! ဒါဆို ဘယ်လိုပြန်လုပ်ပေးမှာလဲ"

ချူချန်ကပြောလာသည်။

ကျိချင်းကျိုးသည် ဘလင်းဘလင်းလက်နေသောမျက်လုံးလေးများဖြင့် ချူချန်ကိုကြည့်လာကာ ချူချန်တောင်စကားမဆိုရသေးခင် ဝုန်းခနဲ ပွေ့ဖက်လာသည်။

"ကျွန်တော်က ခင်ဗျားနဲ့ နီးနီးကပ်ကပ်‌လည်းမနေဘူးလို့ ခင်ဗျားခုနထင်နေတည်းက ကျွန်တော်ဒီလိုလုပ်ချင်ခဲ့တာ။ကျွန်တော်အခုပဲ တရင်းတနှီးနေတော့မှာ"

ကြည်နူးပျော်ရွှင်နေသော သူ့အသံဟာ ချူချန်ရဲ့နားရွက်‌နားလေး၌ ဝဲလည်နေခဲ့သည်။

"ခင်ဗျားကို အရမ်းသတိရနေခဲ့တာပါ အားချန်"

အခုမှပဲ မိမိနဲ့ရင်းနှီးသည့် ကျိချင်းကျိုးပြန်ပေါ်လာသလိုမျိုး ချူချန်ခံစားရမိသည်။လူကပ်လွန်းသောကောင်လေး၊မိမိ ရိုက်ကွင်းအလည်လာရင် သဘောကျတတ်သောကောင်လေး၊စည်းကျော်ဖို့ အတွေးရှိနေသောကောင်လေးက အခုမှ မိမိအနားပြန်ရောက်လာသလိုပင်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now