ကျိချင်းကျိုးက ခေါင်းငုံ့ပြုံးလိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ခေါင်းတဆတ်ဆတ်ညိမ့်လာသည်။

"ပြောင်းဗျာ။ ပြောင်း"

သူစကားဆုံးဆုံးချင်း ချူချန်က စကားပြောဟန်ပြင်လိုက်စဉ် တံခါးခေါက်သံကြားလိုက်ရသည်။ကျိချင်းကျိုးသည် ချူချန်အား ခဏစောင့် ခိုင်းကာ တံခါးသွားဖွင့်တော့ အပြင်မှာ လျန်ကျင်းရှင်က မတ်တပ်ရပ်နေ၏။

"ဘာလို့လဲ ? ကော"

"ဒီမနက်က မင်း ကိုယ့်ကို ပေးစရာရှိတယ်လို့ပြောခဲ့တယ်မဟုတ်လား။ဒါနဲ့ သတိလာပေးတာပါ"

ကျိချင်းကျိုးက "အော်" ဟုအသံပြုကာ -

"ခဏနော်"

"ဒီမှာပဲရပ်စောင့်ရမှာလား"

လျန်ကျင်းရှင်သည် ခြေထောက်အောက်မှ မြေကြီအား လက်ညှိုးထိုးပြလာသည်။

ကျိချင်းကျိုးက မြန်မြန်ပဲ တံခါးဖွင့်ပေးလိုက်ပြီး သူဝင်လို့ရအောင်နေရာဖယ်ပေးလိုက်သည်။

"အဲ့လိုမဟုတ်ပါဘူး။အထဲဝင်ပါ ကော"

လျန်ကျင်းရှင်မှာ အထဲဝင်ဝင်ချင်း မည်းမှောင်သောမျက်နှာထားဖြင့် သူ့ကိုကြည့်နေသော ချူချန်ကိုတွေ့လိုက်ရသည်။သူ ပြုံးပြလိုက်ကာ ယဉ်ယဉ်ကျေးကျေးပဲနှုတ်ဆက်လိုက်တယ်။

"ချူရှောက်...မတွေ့တာကြာပြီနော်"

ချူချန်ကမူ အထင်သေးတဲ့အပြုံးကြီးဖြင့် -

"မတွေ့ကြတာပဲပိုကောင်းပါတယ်"

လျန်ကျင်းရှင်သည်ကား သူ့ရဲ့ ထူဆန်းတဲ့စကားအသွားအလာကိုနားထောင်ရင်း အတွေးတွေက ပိုပိုပြီး သေချာလာခဲ့သည်။
ထို့နောက် သူက တမင်တကာ စကားစလိုက်သည်။

"ချင်းကျိုးက ကိုယ့်ကို ပေးစရာရှိတယ်ပြောလို့လေ။ဒါနဲ့ သူဆီလာလိုက်တာ"

စကားဆုံးသည့်အချိန်မှာပဲ ကျိချင်းကျိုးက သိပ်မဝေးသည့်နေရာမှ ရေနွေးအိုးလေးယူလာပြီး သူ့လက်ထဲထည့်ပေးလာသည်။

"ဒီနှစ်ရက်အတွင်း ကော လည်ချောင်း နာနေတယ်မဟုတ်လား။ဒီရေနွေးက ကောအတွက်ပါ။ရေနွေးပူပူလေးသောက်တာ ကောင်းတယ်"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now